မေလ ၁၁ရက်ကနေ မေ ၁၃ရက်အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းမပေါ်မှာရှိတဲ့ တပ်မတော်ခန်းမမှာ သုံးရက်တာ ကျင်းပမှာဖြစ်တဲ့ Yangon ICT Fair ကို ကျွန်တော် ဒီနေ့ (12.5.2012 စနေနေ့) မှာ အိုင်တီနည်းပညာကို စိတ်ဝင်စားတဲ့ သူငယ်ချင်းတချို့နဲ့ နေ့ခင်း ၃နာရီလောက်က သွားရောက် လေ့လာ ဖြစ်ခဲ့ပါတယ်..
ဒီပြပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ မိုဘိုင်းနဲ့ အိုင်တီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး ဒီကဏ္ဍတွေကို အထူးစိတ်ဝင်စားတဲ့ ပြည်သူလူထုကို နောက်ဆုံးပေါ် အီလက်ထရွန်နစ် ပစ္စည်းတွေ ကွန်ပျူတာနဲ့မိုဘိုင်း ဆက်စပ်ပစ္စည်းတွေ ဆက်သွယ်ရေး ကိရိယာတွေကိုတစ်နေရာတည်းမှာ အမျိုးအစား စုံလင်စွာ ကြည့်ရှုလေ့လာ ၀ယ်ယူနိုင်ဖို့လို့ ဆိုပါတယ်..
နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လူမှုရေးလုပ်ငန်းများအား အစဉ်တစိုက်ပြုလုပ်နေသော သရုပ်ဆောင်ကျော်သူအား ရုပ်ရှင်ရိုက်ခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီဟု သိရသည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ဆွမ်းကပ်လှူဒါန်းမှုဖြင့် ဦးကျော်သူအား ရုပ်ရှင်ရိုက်ခွင့် ပိတ်ခဲ့ခြင်းဖြစ်သည်။
Mobile Data Storage အတွက် ဒီနေ့ခေတ်မှာ Flash Memory Drive တွေဟာ.. အင်မတန် အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါတယ်။ ဒီကျယ်ပြန့်တဲ့ Mobile storage cosumer electronics တွေနဲ့flash memory ဈေးကွက်တွေမှာ.. Applications အရ.. ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်ဖို့အတွက် တချို့သော ရောင်းချသူတွေဟာ အမြတ်များများ ကျန်စေဖို့ memory capacities အတုတွေ ထည့်ပေးတတ်ကြ ပါတယ်။
ဥပမာ - ၂ GB ပဲရှိတဲ့ flash drive ကို 4 GB လို့ထင်ရအောင် upgrade လုပ်ပြီး ဈေးနှုန်းကိုတော့ ချိုသာအောင် ရောင်းတာမျိုးဖြစ်ပါတယ်။