About JMR

JustMusicRadio ( JMR ) ဆိုတဲ့  Radio လေး စတင်ဖြစ်တည်လာဖို့ အတွက် အမိမြန်မာပြည်မှ အဝေးရောက် မြန်မာလူငယ်လေး ၆ယောက်မှ အပျော်တမ်း radio တစ်ခုအဖြင့် စတင် ဖွဲ့စည်းခဲ့ကြပါတယ်။ လူငယ်များပီပီ လွတ်လပ်ပြီး မြူးကြွတဲ့ အတွေးအခေါ် စိတ်ကူးသစ်များကို သီချင်းလေးများနဲ့  ပေါင်းစပ်ပြီး အားလုံးရဲ့ ရင်ထဲကို ထိထိမိမိ ရိုက်ခတ်နိုင်တဲ့  သံစဉ်လေးတွေ အရောက်ပို့ ပေးနိုင်အောင် ကြိုးစားရင်း JMR ရဲ့ ပထမခြေလှမ်းလေးကို စတင်ခဲ့ ကြတယ်။ လူငယ် ၆ ယောက်ရဲ့ ကိုယ်ပိုင် လွတ်လပ်ချိန်များမှာ သူတို့ ချစ်တဲ့ JMR ကို 24/7 အချိန်ပြည့် လည်ပတ်နိုင်ရန် အားလုံးကြိုးစားခဲ့ ကြပါတယ် ။ JustMusicRadio ဆိုတဲ့ နာမည်လေးကိုတောင် အလေးအနက်ထားပြီး၂ ရက်လောက်ကို ခေါင်းပူအောင် စဉ်းစားခဲ့ ရတာ အမှတ် ရမိပါသေးတယ်... ဒါကြောင့် JustMusicRadio ဆိုတဲ့ နာမည်လေးကတော့ ရင်ထဲမှာ တံဆိပ်ခတ်နှိပ် ထားပြီးသားအဖြစ်နဲ ဘယ်တော့မှ ဖျက်မရတော့ပါဘူး။ 18/10/2009 မှာတော့ ပထမဆုံးအကြိမ် Radio ကိုစမ်းသပ်ထုတ်လွှင့်ခဲ့ပြီး 28/10/2009 မှာတော့ JMR ဟာ 24/7 Radio အဖြစ်ကိုပြောင်းလဲခဲ့ပါသည်။

ဒီလိုနဲ့  JMR ရဲ့ ခြေလှမ်းသစ်တွေကို အားအင်အပြည့်နဲ့ လှမ်းတက်ခဲ့ရာကနေ ဘ၀တူ အမိမြန်မာမြေမှ ဝေးကွာနေတဲ့ ဝါသနာတူ လူငယ်များ အတူတကွ ပေါင်းစည်းပြီး အားဖြည့် လာခဲ့တယ်.. JMR ရဲ့ ဒုတိယခြေလှမ်းလေး စတင်ဖို့ အရာထင်ခဲ့ တယ်..JMR ဆိုတဲ့ နာမည်လေးဖြစ်တည်လာဖို့   အခက်အခဲတွေ ကျော်ဖြတ်ခဲ့ ရတယ်...  အခက်အခဲတွေကို အားအင်အပြည့်နဲ့  မွေးဖွားပြီး JMR ဆိုတဲ့ အိပ်မက်ကလေး ဖြစ်တည်အောင် ဘ၀တွေပုံအပ်ပြီး ရုန်းကန်ခဲ့ကြတယ်..... အမိမြန်မာမြေမှ အဝေးရောက် အိမ်လွမ်းသူ လူငယ်လေးတွေဟာ သူတို့ ချစ်တဲ့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ သူငယ်ချင်း လူငယ်တွေအတွက် သူတို့တွေတတ်နိုင်တဲ့ ဘက်ကနေ ပေးဆပ်ဖို့ အားလူံး စိတ်တူကိုယ်တူ တစ်ချက် အပြုံးမပျက်ဘဲ ခြေလှမ်းတွေကို လှမ်းမြဲ လှမ်းခဲ့ ကြတယ် JMR = JustMusicRadio ဆိုတဲ့ စာလုံးလေးပီပြင်အောင် DJ လူငယ်တွေဟာ သူတို့ရဲ့ အချိန် သူတို့ရဲ့ အလုပ် အကုန်လုံးကို ပေးဆပ်ပြီး တခြား ၀ါသနာ ပျော်ရွှင်မှုတွေကိုပဲ ရယူပြီး JMR ဆိုတဲ့ စာလုံးလေးကို အတူတကွ ပေါင်းစည်းခဲ့ကြတာပါ.... ခုဆိုရင် နိုင်ငံအသီးသီးမှာရှိတဲ့  ၀ါသနာတူလူငယ် ( ၄၀ ) ကျော်ဟာ JMR အတွက်အမြဲ အသင့် ရှိနေပါပြီ….. JMR နဲ့ တစ်သွေးတည်း တစ်သားတည်း ပူးပေါင်းပါဝင်လာတဲ့ အားလုံးရဲ့ JMR ဟာ အားလုံးအတွက် အမြဲ ရပ်တည်နေမှာပါ။

JMR ကို supporting လုပ်ပေးခဲ့ တဲ့ @Creator များ @Blogger များနှင့် JMR ကိုအမြဲ နားဆင်ပေးတဲ့  Listener များ၊ JMR ကိုအသုံးပြုပေးတဲ့  social site များအားလုံးကိုလည်း ဒီနေရာလေးကနေပဲ ကျေးဇူးတင်လိုက်ပါတယ် JustMusicRadio သည် Admin များ၏ စွမ်းဆောင်ရည် တခုတည်းဖြင့်  ဖွဲ့စည်း တည်ဆောက်ထားခြင်း မဟုတ် ၊ မိသားစုဝင်များMember များ၏ စွမ်းဆောင်ရည်ဖြင့်  ဖွဲ့စည်း တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ JMR က မိသားစုဝင်များကို မွေးထုတ်ထားတာ မဟုတ်ပါဘူး မိသားစုဝင်များက JMR ကို ချစ်ပြီး မွေးထုတ်ခဲ့တာပါ။ JMR ကိုချစ်တဲ မိသားစုဝင်များ ၊ နောက်ထက် ထွက်ပေါ်လာမဲ့ JMR မျိုးဆက်သစ် DJ များ မိသားစုဝင်များ ကိုလည်း JMR မှ အမြဲ နွေးထွေးစွာ လက်ကမ်း ကြိုဆို နေလျက်ပါ။ အဝေးရောက်မြန်မာလူငယ်များရဲ့ ညီအစ်ကို မောင်နှမ စိတ်ဓါတ်ကတော့  JMR ကအစဉ် သက်သေပြနေမှာပါ....

ကျွန်တော်တို့  www.justmusicradio.net ကို အပြီးတိုင် မစတင်နိုင်ခင်မှာပင် www.justmusicradio.ning.com အဖြစ် JMR ကိုချစ်တဲ့ ပရိတ်သတ်ကြီး အတွက် JMR လူငယ်တွေ တတ်စွမ်းသလောက် ပြုလုပ်ပြီး ကြိုးပမ်းခဲ့တာကလည်း မျှော်လင့်မထားတဲ့ အရေအတွက်ထိ ပရိတ်သတ်ရဲ့ အားပေးမှုကို အပြည့်အ၀ရရှိခဲ့ ပါသည်။ ဒီလို JMR ကိုချစ်တဲ့  ပရိတ်သတ်များရဲ့ အားပေးမှုကြောင့်  ခုဆိုရင် www.justmusicradio.net ကြီးကို စတင် လှုပ်ရှား လည်ပတ် နိုင်တော့မည် အထိ ခရီးပေါက်ခဲ့ ပါပြီ... ဒါတွေကလည်း JMR လူငယ်တွေရဲ့ အောင်မြင်မှု ရလဒ် အစကလေးပါပဲ...Facebook မှာ ရှိတဲ့  JMR Fan များ Ning ဆိုဒ်မှ Member များရဲ့ အားပေးမှုကလည်း JMR ကြီး အစဉ်အမြဲ တိုးတက်နေစေမဲ့  အားဆေးကောင်းတစ်ခွက်လည်း ဖြစ်ပါတယ်… 

JustMusicRadio ဟာ နားဆင်သူများ အတွက် သီချင်းရသ တစ်ခုတည်းကို သာမကပဲ.. အခြား ဗဟုသုတ အပန်းဖြေမှုများ အနေနဲ့  new programs များကိုလည်း အခုဆိုရင် ပရိသတ်များ လေလှိုင်းမှ တဆင့် နားသောတစဉ် နေနိုင်ပါပြီ… နောက်များမှာလည်း ကျွန်တော်တို့ JMR မိသားစုမှ အစီအစဉ်ကောင်း များကို ရွေးချယ် တင်ဆက်ပေးနိုင်ရန် အားထုတ်လျက် ရှိပါသည် ။ JMR အနေဖြင့်  သီချင်းများကို သာမက တခြား ရသများကိုပါ ပရိသတ်ရင်ထဲသို့ ရောက်အောင် ပေးပို့ခဲ့ရာ ပရိသတ်များအနေဖြင့် ပျော်ရွှင်မှုများ ၊ ကျေနပ်မှုများ ရရှိခံစားရမည်ဟု မျှော်လင့် မိပါသည်။ ထိုသို့ ပြုလုပ်ရာတွင် JMR အနေဖြင့်  လိုအပ်ချက်များ ၊ မှားယွင်းမှုများ ရှိခဲ့လျှင် ပရိသတ်များကို ပေးဆပ်ချင်ဇော များသွားကာ လွဲချော်ခဲ့သည်ဟု ယူဆပြီး ခွင့်လွှတ်ပေးရန် တောင်းဆိုလိုပါသည်။

Justmusicradio သည် ပရိသတ်များ၏ အားပေးမှုကြောင့်  အပျော်တမ်းရေဒီယို တစ်ခုမှ Media တစ်ခုအဖြစ်သို့ တက်လှမ်းလာနိုင်ခဲ့ ပါပြီ… ပရိသတ်များ၏ အားပေးမှုကို ထိုက်တန်သော တုံ့ ပြန်မှု ပေးဆပ်နိုင်ရန် ကျွန်တော်တို့ JMR မိသားစုသည် အစဉ်အမြဲ ကြိုးစားနေမည် ဖြစ်ကြောင်း ပြောချင်ပါသည်။ www.justmusicradio.net သည်မည်သည့်လူတစ်ဦးတစ်ယောက်ကိုမဆို ကျေနပ်မှု ပေးစွမ်းနိုင်သော ရေဒီိယိုတစ်ခု အဖြစ် ရပ်တည်လျက်ရှိပါသည်။ JMR က သင့်အတွက် အကောင်းဆုံးသော နားခိုရာ နေရာလေးတစ်ခုအဖြစ် ထာဝရ တည်ရှိနေပါသည် ။


အားလုံးအတွက် JMR....
Music, You & Me

 

JMR radio into your website or blog

Myammar Time

Singapore Time