Just Music Radio မှ ကြိုဆိုပါသည်။

      JMR သည် member အားလုံးအတွက် အစဉ်ပျော်ရွှင်စေရန် ၂၄နာရီ ၇ရက် ပတ်လုံး တေးသီချင်းများကို ထုတ်လွှင့်ပေးခြင်း၊ ပရိတ်သတ်တို့၏ သီချင်း တောင်းဆိုမှုများကို ထုတ်လွှင့်ပေးခြင်း နှင့် ပရိတ်သတ်တို့အတွက် ရင်ခုန်ဖွယ် အစီအစဉ်လေးများကို တင်ဆက်ပေးနေသော နွေးထွေးမှု များနှင့်လွှမ်းခြုံနေသည့် ချစ်စရာ ရေဒီယို မိသားစု website လေးဖြစ်ပါသည်။ ထို့အပြင် member များအတွက် အေးမြသော အပြုံးလေးတွေနဲ့ ပြည့်နှက်နေတဲ့ မိသားစုလေး တစ်ခုလည်း ဖြစ်ပါသည်။ သို့ဖြစ်ရာ ဤ website လေး ထာဝရ ရေရှည် တည်တံ့စေရန် အတွက် အောက်ပါ စည်းကမ်းချက်များကို လိုက်နာပါရန် နှင့် အကယ်၍ ဖောက်ဖျက်ပါက ဤမိသားစုလေးမှ ၀မ်းနည်းစွာဖြင့် မိသားစု စာရင်းထဲမှ ထုတ်ပယ်ခြင်း ခံရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။


၁။ အသင်းဝင်များအနေဖြင့် မည်သည့်နိုင်ငံရေး နှင့်ပတ်သတ်သည့် အရေးအသားး၊ photo ၊ video များ၊ ကဗျာ များကို လုံးဝ လုံးဝ ရေးသားခြင်း၊ ထည့်သွင်းခြင်းမပြုရပါ။

၂။ အသင်းဝင်များအနေဖြင့် အချင်းချင်း ထိခိုက်စေနိုင်သော အပြုအမှုအပြောအဆို၊ ဆဲဆိုရှုံချခြင်း မပြုလုပ်ရပါ။

၃။ အသင်းဝင်များသည် ဘာသာရေးကို ထိခိုက်စေသော အပြောအဆို အရေးအသားများ ပြုလုပ်ခြင်း လုံးဝခွင့်မပြုပါ။

၎။ Member များအနေဖြင့် ညစ်ညမ်း ဗီဒီယိုများ၊ ဓါတ်ပုံများ၊ weblink များ၊ စာအုပ်များ ၊ comment များကိုလည်း ထည့်သွင်းခြင်း မပြုရန် ဖြစ်ပါသည်။ ဤကဲ့သို့သော လူမှုရေး ဖောက်ဖျက်မှုများကို JMR ၏ မိသားစုဝင်အနေဖြင့် မပြုလုပ်ရပါ။

၅။ အသင်းဝင်တိုင်းအတွက် အကျိုးမပြုနိုင်သော ရေးသား ဆွေးနွေးချက်များကို ခွင့်မပြုပါ။

၆။ လိုအပ်သလို ထုတ်ပြန်လာသော စည်းကမ်းချက်များကို လိုက်နာရမည်။

၇။ Member ၀င်များအနေနှင့် မိမိတို့၏နွေးထွေးသော မိသားစုလေး ကို ထိခိုက်စေမည့် အရာများ အားလုံးကို ကိုယ်ပိုင်အသိစိတ်ဖြင့် ရှောင်ရှားကြရန်ဖြစ်ပါသည်။

ဤစည်းကမ်းချက်များကို JMR ၏ မိသားစုဝင်များအားလုံး လိုက်နာ နိုင်ကြမည်ဟု ယုံကြည်ပါသည်။

ကျေးဇူးအထူးတင်ရှိပါသည်။
JMR Family

 

JMR radio into your website or blog

Myammar Time

Singapore Time