အားလုံးပဲ မင်္ဂလာပါရှင် ... ဒီဂျေ Kool ပါ ...
အခု Kool က Kool ချစ်တဲ့ ပရိသတ်ကြီးကို Kool ဘာတွေကြိုက်လဲဆိုတာနဲ့ ပတ်သတ်ပြီးနဲနဲလောက် ပြောပြချင်တယ် ...
Kool က movie နဲ့ပက်သက်ရင် ကာတွန်းကားလေးတွေလည်း ကြည့်ဖြစ်တယ် ..တချို့ကာတွန်းကားတွေက ကလေးကြိုက်ဆိုပေမယ့် လူကြီးတွေလည်း ကြည့်သင့်တဲ့ ရသလေးတွေ ပေးတတ်လို့ပေါ့ .. Kool ကြည့်ဖြစ်တာက Up တို့ Rapunzel တို့ Tom & Jerry ကတော့ ကူး fav: ပေါ့နော် ... နောက် အချစ်အလွမ်း ဇာတ်ကားတွေဆိုရင် Kool ဘယ်တော့ကြည့်ကြည့် ရိုးမသွားတဲ့ကားလေးတွေ ရှိတယ် ..
ဥပမာ Love Story in Harvard နဲ့ Twilight ဆိုရင် ခနခနကြည့်ဖြစ်တာ ဘယ်နှစ်ခေါက်မှန်းတောင် မရေနိုင်တော့ဘူး .. နောက်ပြီး Avatar, High School Musical, Prison Break ...အဲဒီရုပ်ရှင်တွေကြိုက်တယ်ပေါ့ရှင် music ထဲမှာတော့ Kool DJ ၀င်တဲ့အချိန် နားထောင်ဖူးတဲ့ ပရိသတ်တွေဆိုသိမှာပါ .. အချစ်သီချင်း အလွမ်းသီချင်း အေးအေးလေးတွေဆို ပိုကြိုက်တယ် ပိုနားထောင်ဖြစ်တယ် .. အထူးသဖြင့်တော့ Pop, Hip Hop, R&B တွေပါ ။ ဒါပေမယ့် သီချင်းအမျိုးအစားတိုင်းကို လက်ခံလို့ ရသလို ခံစားလို့လည်း ရတယ် ...
ရှမ်းခေါက်ဆွဲ ကြိုက်ပါတယ် ရှမ်းမလေးတွေလှတာလဲ Kool က လက်ခံပါတယ်နော်... Burger, KFC အဲဒါတွေကြိုက်လို့ Kool ၀ လာသလိုတောင် ရှိနေပြီ .. အချို ထဲမှာတော့ ချောကလက် ရေခဲမုန့် အသီးထဲမှာတော့ ဖရဲသီး အဲဒါတွေ ကတော့ Kool အကြိုက်ဆုံးတွေပါ။
October 25, 1989 မှာမွေးပါတယ် နောက်ပြီး Kool ရဲ့ဖေဖေပြောပြချက်ဆိုရင်တော့ စိတ် ကောက်လွန်းတဲ့ ဗုဒ္စဟူး သမီးဆိုပါတော့.. Kool အဖေ ကတော့ Kool ဘဝအတွက် အလေးစားဆုံးပုဂ္ဂိုလ်ပါ .. ဝါသနာတွေကတော့ သီချင်းဆိုတာ သီချင်းရေးတာနဲ့ စာရေးတာ စာဖတ်တာတွေပေါ့ ... ဝတ္တုတိုလေးတွေရေးတာ ... သီချင်းလေးတွေကို ကိုယ်တိုင်ရေးပြီး အသတ်သွင်းတာကတော့ ဟိုးငယ်ငယ်ကတည်းက အနှစ်သက်ဆုံး ဝါသနာတစ်ခုအဖြစ် အရိုးစွဲလာပြီလို့တောင် ပြောလို့ရပါတယ် ...
ပွင့်လင်းမှု ရိုးသားမှုကို မြတ်နိုးတန်ဖိုးထားတတ်သလို ... မျိုသိပ်ရတဲ့ ခါးသက်သက်အရသာကိုလည်း မနှစ်သက်ပါဘူးရှင်
No pain, No gain .. Only the goers reach .. အရင်စဉ်းစားပါ ပြီးမှလုပ်ပါ ... ဆိုတဲ့စကားတွေကတော့ Kool အပြောများတဲ့ ဒသနတွေပါ
ဆန့်ကျင်ဖက်အရောင်၂ ခုဖြစ်တဲ့ အဖြူနဲ့ အနက်ကို တော့ kool ကြိုက်တယ်... အမြဲဘယ်တော့မှမရိုးတဲ့အရောင်တွေမို့လို့ ပါ...
Kool ကိုတော့ JMR ရဲ့ နှလုံးသားစာတိုက်လေး ကနေ တစ်ဆင့် နားဆင်သူတော်တော်များများ ရင်းနှီးနေပြီးသားဖြစ်နေမှာပါ ...
Kool နဲ့ သိကျွမ်းချင်တဲ့ ပရိသတ်များကို dj.kool@justmusicradio.net ဆိုတဲ့ nick လေးကို အပ်လိုက်နော် ...
just music radio က သီချင်းသံစဉ်လေးများနဲ့ ပျော်ရွှင်နိုင်ကြပါစေနော် ...