DJ Queen

မင်္ဂလာပါရှင် .. JMR က DJ Queen ပါ ..
JMR မှာ ရှိတဲ့ Joker, Jack , King , Queen ဆိုတဲ့ JMR DJ 4ယောက်ထဲက တစ်ယောက်ပေါ့နော် ..
(ဖဲသမားတွေတော့ မဟုတ်ပါဘူး .. :P)
Queen ကိုမွေးတာက December လ .. အေးချမ်းတဲ့ဆောင်းရာသီမှာပေါ့ ..

Queen အကြိုက်ဆုံးအရောင်ကတော့ sky blue, white, purple နဲ့  yellow ပါ ..

အကြိုက်ဆုံးအစားစာကတော့ ဘယ်လိုပြောရမလဲ .. စားလို့ကောင်းတယ်ဆိုရင် ကြိုက်တာပဲဆိုတော့ အကြိုက်ဆုံးဆိုပြီး ရွေးလို့မရဘူး ဖြစ်နေရော ..

ရုပ်ရှင်ဆိုရင်တော့ romance, comedy လိုမျိုးကို ကြိုက်တယ် .. Action တွေလည်း ကြည့်တော့ ကြည့်ပါတယ် .. ပြီးတော့ ကာတွန်းလဲကြိုက်တယ် .. :D

အကြိုက်ဆုံးမင်းသားတွေတော့ ရှိပါတယ် .. ဒါပေမယ့် တစ်လမှာ တစ်ယောက်ပြောင်းကြိုက်နေတော့
ပြောလို့မရဘူးဖြစ်နေတယ် .. ^_^

ပြီးတော့ Queen က music ကိုလည်း အရမ်းကြိုက်တယ် .. ဘယ်လိုသီချင်းမျိုးပဲ ဖြစ်ဖြစ် ကြိုက်တယ် .. အရမ်းဆူညံနေတာမဟုတ်ရင် နားထောင်တာပဲ .. အဲ့ဒီတော့ ကိုယ်နားထောင်တဲ့သီချင်းလေးတွေကို သူများကိုလည်း နားထောင်စေချင်တယ်လေ .. အဲ့ဒီအချိန်မှာ မမအိနဲ့ စကားပြောဖြစ်ရင်း JMR မှာ DJလုပ်လို့ရတယ်ဆိုတာနဲ့ JMR မိသားစုကို ရောက်လာခဲ့တာပေါ့ .. တကယ့်ကို မိသားစုတစ်ခုလိုပါပဲ .. ညတိုင်း SKYPEမှာ စကားတွေပြောကြ .. စကြနောက်ကြနဲ့ အရမ်းကို ပျော်ဖို့ကောင်းပါတယ် ... ဒီဲJMRမိသားစုလေးကို အရမ်းပဲ ချစ်ပါတယ် ..

လောလောဆယ်မှာ ကြိုက်တဲ့စကားတစ်ခွန်းတော့ ရှိတယ် .. " ကိုယ်ကြိုက်တာ ကိုယ်လုပ် ၊ ကိုယ်ဖြစ်ရင် ကိုယ်ခံ " .. မလုပ်ခင်တော့ သေချာစဉ်းစားပေါ့နော် ...

JMR DJ Queen နဲ့ ခင်ချင်တယ် ဆိုရင်တော့ .. dj.queen@justmusicradio.net ကို gtalk မှာ add လိုက်ပါနော် ...

JMR radio into your website or blog

Myammar Time

Singapore Time