JMR ကို မတ်လ ၃၀ ရက်နေ့ ကျွန်တော့်မွေးနေ့မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။
ဒါကြောင့် အမှတ်တရ ရက်တစ်ခုအဖြစ် မမေ့ဘူး ဆိုလည်း မမှားဘူးပေါ့ဗျာ။ JMR ကို နာမည်ကြားဖူးနေတာတော့ ကြာပါပြီ။
ဒါပေမဲ့ ခုမှပဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားခွင့်ရခဲ့တာပါ။ ကျွန်တော့်နာမည်အရင်းကတော့ မှူးထက်ပိုင်ပါ။
ခင်မင်တဲ့သူငယ်ချင်းတွေကတော့ ကိုထက်လို့ ခေါ်ကြတယ်။
အချစ်ဆုံး မမတစ်ယောက်ကတော့ ပိုင်လို့ ခေါ်တယ် ဟဲ .
Dj-Rhythmn လို့ ပေးထားတာကတော့ သီချင်းတွေကို ချစ်လို့ သံစဉ်အတိုင်း စီးမျောနေမယ် ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပေးထားခဲ့တာပါ။
အခုလောလောဆယ်တော့ ကျွန်တော်မလေးရှားနိုင်ငံ မှာနေထိုင်ပြီး အွန်လိုင်းမှာ နားဆင်တဲ့သူတွေကို
သီချင်းကောင်းလေးတွေ တင်ဆက်ပေးနေတာပါ။ Dj လုပ်တဲ့အချိန် အခက်အခဲကတော့ အများကြီးမရှိပါဘူး။
တခါတလေ နားထောင်သူတွေ တောင်းဆိုတဲ့အခါ
ကိုယ့်မှာသီချင်းမရှိတာမျိုးနဲ့ ကြုံရင် ရှာရတာမျိုး၊ နားမလည်ပေးတဲ့ နားထောင်သူတွေနဲ့ တွေ့တာမျိုး
အဲအချိန်မျိုးတွေတော့ နည်းနည်းအခက်ခဲတွေ့တယ်။ ဒါပေမဲ့များသောအားဖြင့်တော့ ကျွန်တော်ကိုယ်တိုင်လဲ
သီချင်းကောင်းလေးတွေ နားထောင်ပြီး သိမ်းထားတတ်တာကြောင့် လူကြိုက်များတဲ့သီချင်းတော်တော်
များများကို အလွယ်တကူ ဖွင့်ပေးလို့ရနေပါတယ်။ အားလပ်ချိန်တွေမှာ သီချင်းနားထောင်ရင်း ဂိမ်းဆော့ရတာကို နှစ်သက်တယ်။
အွန်လိုင်းမှာ လိုချင်တဲ့ ဆော့ဖ်ဝဲတွေဒေါင်းပြီး ကလိရတာလဲ ၀ါသနာပါတယ်။ တစ်ခါတလေတော့လဲ ရင်းနှီးတဲ့သူတွေနဲ့
စကားပြောနေတတ်တယ်။ ကျွန်တော်က အုပ်စုလိုက်နဲ့ စာရင် တစ်ယောက်တည်း လုပ်ချင်တာလုပ်နေရတာကို ပိုပြီးသဘောကျမိတယ်။
ဒီလောက်ပါပဲ။