About JMR
JMR Rules
JMR Policy
Log In
Register
Search this site:
HOME
Radio.♪♪♫
JMR Family ▼
DJ Application Form
Dj Room
Yangon Team
Movies Corner
JMR Movies
Movie Crazies
JMR PROGRAMME
Rising Dawn
ကြယ်စင်များ နှင့် JMR
kool ရဲ့ နှလုံးသားစာတိုက်
Honey Pot
Rose ရဲ့တေးကဗျာစုစည်းမှု
သီဟလုလင်ရဲ့အလွမ်းစကား
New Album Release
JMR Factor
JMR Hits
Inside JMR
Entertainment
Sports
General
JMR Kitchen
Photo Gallery
Home
› ဂီတပညာရှင်များစွာ ပါဝင်ထားပြီး ပြည်သူများအကြား အမျိုးသားရေးအားမာန်များ တက်ကြွစေသည့် သီချင်းများပါဝင်မည့် တေးအယ်လ်ဘမ်ကို ဖေဖော်ဝါရီလတွင် ထွက်ရှိရန်စီစဉ်
ဂီတပညာရှင်များစွာ ပါဝင်ထားပြီး ပြည်သူများအကြား အမျိုးသားရေးအားမာန်များ တက်ကြွစေသည့် သီချင်းများပါဝင်မည့် တေးအယ်လ်ဘမ်ကို ဖေဖော်ဝါရီလတွင် ထွက်ရှိရန်စီစဉ်
Latest Update on Sunday, January 29, 2012 - 10:34
ဂီတပညာရှင်များစွာ ပါဝင်ထားပြီး ပြည်သူလုထုအတွက် အမျိုးသားရေးစိတ်ဓါတ်များနှင့် အားမာန်များတက်ကြွစေမည့် တေးသီချင်းများပါဝင်မည့် တေးအယ်လ်ဘမ်ကို ဖေဖော်ဝါရီလတွင် ထွက်ရှိရန် စီစဉ်နေကြောင်း သိရှိရပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် စီစဉ်သည့် အဆိုပါတေးအယ်လ်ဘမ်တွင် ငြိမ်းချမ်းရေး၊ ကလေးသူငယ်များနှင့်အနာဂတ်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းရေးနှင့် ထိန်းသိမ်းရေး၊ စာရိတ္တပိုင်းဆိုင်ရာနှင့် အားမာန်နှင့် မျှော်လင့်ချက်များ မွေးဖွားပေးနိုင်မည့် အကြောင်းအရာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
''ဒီတေးစီးရီးဖြစ်မြောက်ရေးအတွက်အဓိက ဦးဆောင်တာက အစ်ကိုအပါအ၀င် ကိုရဲလွင်၊ ဆောင်းဦးလှိုင်၊ ညီညီသွင်၊ နောင်နောင်(SF)၊ စီစဉ်သူ ကိုမိချော၊ ကိုသားထွေးနဲ့ ထူးအိမ်သင်ရဲ့ညီ အောင်အောင်တို့အပြင် လူငယ်တွေဖြစ်တဲ့ လင်းလင်း၊ အနဂ္ဂ၊ ရန်ရန်ချမ်း၊ ဇေယျာသော်တို့ကလည်း ၀ိုင်းဝန်းကူညီကြတယ်။ နောက်ထပ် အဓိကပံ့ပိုးတာကတော့ Metal Zone က ဦးဇော်ဝင်းပါ။ အခုစီစဉ်နေတဲ့ စီးရီးမှာပါဝင်ချင်တဲ့ အဆိုတော်တွေ လိုက်စည်းရုံးထားရတာမဟုတ်ပဲ ကိုယ့်ဆန္ဒနဲ့ကိုယ် ပါ ၀င်ချင်ကြတဲ့သူတွေချည်းပါပဲ။ သီချင်းအများစုက Group လိုက်ဆိုတဲ့ သီချင်းတွေပဲများတယ်။ နောက်ပြီး ဒီခွေကိုစပြီးစီစဉ်တဲ့အချိန်က Show ပွဲတွေ ကျင်းပမှုများတဲ့ အချိန်ဖြစ်တာကြောင့် ဒီစီးရီးလေးက အချိန်နည်း နည်းကြာသွားတာ''ဟု တေးရေး ရွှေဂျော်ဂျော်က ဆိုပါသည်။ ယင်းတေးစီးရီးတွင် ပါဝင်မည့် တေးသီချင်းများကို ရွှေတိုင်ညွန့်၊ ကိုရဲလွင်၊ ကိုနေ၀င်း၊ ညီညီသွင်၊ နောင်နောင် (SF)၊ ရွှေဂျော်ဂျော်၊ ကေအေတီ၊ဇော်ဝင်းထွဋ်၊ဆောင်းဦး လှိုင်၊ မောင်မောင်ဇော်လတ်၊ အယ်ဖြူ၊ ရယ်ဂျီ၊ ဇ၀ါ၊ Rခိုင်၊ လင်းလင်း၊ မြတ်မင်း၊ လင်းနစ်၊ ကျားပေါက်၊တိုးလွင်(ဥတ္တရအလင်း)၊ အောင်အောင်၊ မိုးမိုး၊ ရသ၊ အနဂ္ဂ၊ ဇေယျာသော်၊ ရန်ရန်ချမ်းတို့အပါအ၀င် တေးရေးအများအပြား ပါဝင်ထားကြောင်း သိရသည်။
ထို့ပြင် 'နဂါးနီ'၊ 'အကျင့်ဆိုး'၊ 'ချစ်သောကမ္ဘာမြေ' နှင့် 'ခွန်အားဖြည့်မိငယ်' စသည့် သီချင်းဟောင်းများလည်း ယင်းစီးရီးတွင် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
by Weekly Eleven journal
Myammar Time
Singapore Time