နောနော်ရဲ့ ၄ ခွေမြောက် တစ်ကိုယ်တော် အခွေအကြောင်း

နယူးရီးယားတုန်းက ရှုခင်းသာ ဟိုတယ် မှာ ရှိုးပွဲ ပြုလုပ်ခဲ့တဲ့ နောနော်က ဇန်နဝါရီ ၂ဝရက် နေ့မှာတော့ ကိုရီးယားကို ဖျော်ဖြေရေး ခရီး ထွက်ခွာသွားခဲ့ပါတယ်။ ပွဲက ကိုစိုးနိုင်ထွန်း (အီကြာကွေး) စီစဉ်တဲ့ပွဲ ဖြစ်ပြီး အင်ပါယာ တေးဂီတအဖွဲ့နဲ့အတူ ဇော်ဝင်းထွဋ်၊ နောနော်၊ မယ်လိုဒီ ၊ချမ်းချမ်း တို့အပြင် တခြား အဆိုတော်များ လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ကိုရီးယားမှာ ၅ရက် ကြာမှာ ဖြစ်ပြီး ဖျော်ဖြေပွဲ ကတော့ တစ်ပွဲ ဖျော်ဖြေမယ်လို့ သိရပါတယ်။ ပြည်ပပွဲတွေ လက်ခံဖြစ်တဲ့အခါ ဘယ်လို အချက်တွေ နဲ့ လက်ခံဖြစ်မလဲ ဆိုတော့…

”အဆင်ပြေ သလိုပါပဲ။ ကိုယ့်ဘက်က တောင်းဆိုတာ မျိုးတွေ ဘာတွေတော့ မရှိ ပါဘူး။ အားရင်တော့ လိုက်ဖြစ်ပါတယ်။ မအားမှသာ ပြည်ပပွဲတွေ မလိုက် ဖြစ်တာပဲရှိ ပါတယ်”လို့ ပြောပါတယ်။ ၂ဝ၁၂ နှစ်သစ်ထဲမှာတော့ နောနော်ရဲ့ စတုတ္တမြောက် အခွေ ထွက်ရှိမှာဖြစ်ပြီး ဒီအခွေထဲမှာတော့ သူ့ရဲ့ ဂီတပုံစံတွေ ပြောင်းသွားဖို့ ရှိတယ်လို့ ဆိုတာကြောင့် နောနော် ရဲ့ အရင် ပုံစံကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ အတွက်ကော ဘယ်လို စဉ်းစား ထားလဲဆိုတော့…”အဲဒါလည်း စဉ်းစားထားပါတယ်။ သူတို့ အတွက်လည်း အစိမ်းမဖြစ်အောင် ကျွန်တော်လုပ်ချင်တဲ့ ပုံစံလေးတွေနဲ့ မျှပြီး အံဝင်ခွင်ကျ ဖြစ်အောင် လုပ်ထားပါတယ်။ သီချင်းအားလုံး ၁ဝ ပုဒ်ပါမှာပါ။ သီချင်း အပုဒ်တိုင်းမှာ ကျွန်တော်လည်း ကြိုက်မယ်၊ ပရိသတ် နဲ့လည်း အဆင်ပြေနိုင်မယ့် သီချင်းမျိုးတွေ မှန်းပြီး လုပ်ထားပါတယ်” လို့ ပြောတဲ့ နောနော်က အခွေ နာမည်ကိုတော့ သူတို့ တီးဝိုင်းက ဂစ်တာသမား ၂ယောက်က စဉ်းစားပေးမှာ ဖြစ်ပြီး ခုထိတော့ ရွေးနေတုန်း ပဲလို့သိရ ပါတယ်။ နောနော်က ကိုရီးယားက နေ ၂၅ ရက်နေ့ ပြန်လာပြီး ဒီက ဂီတမိတ်ဆွေ ၂ ယောက်၊ ၃ယောက် လောက်နဲ့ ပေါင်းပြီး ဂီတနဲ့ ပတ်သက်တဲ့ ထူးထူးခြားခြား အစီ အစဉ် တစ်ခု ပြုလုပ်နေတယ်လို့ သိခဲ့ပါတယ်။

 
ရဲရဲ popular journal
JMR radio into your website or blog

Myammar Time

Singapore Time