အင်တာနက် မြန်နှုန်း ယခုလ အတွင်း ခပ်သွက်သွက် ပြန်ဖြစ်တော့မည်ဟု ဆို

(ရန်ကုန်၊ ဖေဖော်ဝါရီ ၃)
ယခုလ အတွင်း အင်တာနက် မြန်နှုန်း ပြန်လည် ကောင်းမွန် လာမည် ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
”မြန်မာနိုင်ငံ အတွင်းမှာ ဖိုင်ဘာ ကေလ်ဘယ် ပြတ်တောက်မှု အပြီးသတ် ပြင်ဆင်ပြီးသွားပြီ ဆိုပေမယ့် အဓိက ပြတ်တောက်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဘက်က အပြီးသတ် ပြင်ဆင်လို့ မပြီးသေးတဲ့ အတွက်ကြောင့်ပါ။ အခု အင်ဒိုဘက်က ဒီလ ၁ ရက်နေ့ ကစပြီး ပြင်ဆင်နေတဲ့ အတွက် ဒီလ အတွင်းမှာ အင်တာ နက်မြန်နှုန်းတွေ ပြန်လည် ကောင်းမွန်လာမှာပါ” ဟု မြန်မာ့ ဆက်သွယ် ရေးမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က ပြောသည်။
လက်ရှိတွင် ပြည်တွင်း အင်တာနက် မြန်နှုန်းကို အပြီးသတ် ပြင်ဆင်နိုင်ခြင်း မရှိသည့် အတွက် အင်တာနက် သုံးစွဲမှုများမှာ မကြာခဏ လိုင်းပြတ်တောက်မှု များ ဖြစ်ပေါ်နေ ကြောင်း ၄င်းက ပြောသည်။
”မြန်နှုန်းတွေ ကောင်းမွန်ဖို့ အတွက် SE-ME-WE 3 ဆက်ကြောင်း တစ်ခုထဲနဲ့ပဲ ဆောင်ရွက် ထားပါတယ်။ ၂ဝ၁၃ ဆီးဂိမ်း အတွက်လည်း ဒီဆက်ကြောင်းနဲ့ တင် လုံလောက် ပါတယ်။ ဒါပေမဲ့ ဒီထက် မြန်နှုန်း ကောင်းမွန်ဖို့ အတွက် နောက် ထပ်အရန်ဆက်ကြောင်း SE-ME-WE 3 နဲ့ 5 ကိုဆက်လက် ချိတ်ဆက် သွားမှာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။
အောင်ဇော် popular news journal
JMR radio into your website or blog

Myammar Time

Singapore Time