အားမာန် များနဲ့ ဂျေအမ်အာ

အားမာန် များနဲ့ ဂျေအမ်အာ
မိသားစုစိတ်ဓါတ်နဲ့ ဖွဲ့ စည်းထားတဲ့  JMR Online Radio Station လေးဟာ နေ့ စဉ်နဲ့ အမျှ JMR ရဲ့ ချစ်ပရိတ်သတ်များရင်ထဲကို မရိုးနိုင်သော အစီအစဉ်လေးများနဲ့  ဘ၀အမောများ ပြေစေမယ့် သံစဉ်လေးများကို ဝေမျှရင်း အားမာန်များနဲ့ အတူ ကြိုးစားလာခဲ့ တာဖြင့် ခုဆိုရင် အောင်မြင်မှူတွေ နဲ့ နာမည်ကြော်ကြား လူသိများလာပြီ ဖြစ်ပါတယ် ... နားဆင်သူ ပရိတ်သတ် ဦးရေမှာလဲ နေ့ စဉ်နှင့်အမျှ အားရဖွယ် တိုးတက်လာတဲ့ အပြင် ဂျေအမ်အာရဲ့  အစီအစဉ်အသစ်လေးများကို တခဲနက် အားပေးနားဆင်တဲ့ ပရိတ်သတ်များရဲ့ ကောင်းချီးသြဘာပေးမှူများ comment များနဲ့  အကြိမ်ကြိမ်လွင့်ပေးရန် ထပ်မံတောင်းဆိုမှူများဟာလဲ ၀မ်းမြောက်ဂုဏ်ယူဖွယ် အောင်မြင်မှူပန်းတိုင်လေးတွေပါ ..
JMR Online Radio Station လေးအတွက် မိမိတို့ ရဲ့ အချိန်များကိုပေးဆပ်ပီး ရင်ခုန်ကြည်နူးဖွယ် အစီအစဉ်လေးများ၊ မတူညီတဲ့  ခံစားချက်တေးသံစဉ်လေးများ ကို ပရိတ်သတ်များရဲ့ ရင်ထဲမှာ စွဲထင်ကျန်ရစ် နေအောင် ဆောင်ကျဉ်းပေးလျက်ရှိတဲ့  ဂျေအမ်အာ မိသားစု ၀င်များကတော့ဖြင့်
အမိမြန်မာပြည်ကို ခတ္တခွဲခွာပြီး မိမိတို့ ဘ၀အတွက် သင်ယူဆည်းပူးစရာများ ၊ ရုန်းကန်လုပ်ကိုင်စရာများအတွက် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသော ထက်ထက်မြက်မြက် မြန်မာလူမျိုးများဖြစ်ကြပါတယ် ...
ဆိုးသည်ကောင်းသည်မခွဲခြား၊ နားလည်မှူတို့ ဖြင့် ဖွဲစည်းထားတဲ့ မိသားစုလေးဖြစ်တဲ့ အတွက် Just Music Radio မိသားစုလေးမှာ အဖွဲ့ ဝင်လို သော သူများလဲ သူ့ ထက်ငါအပြိုင် လာရောက်ပြီး ဒီဂျေလျောက် ထားကြတာကိုလည်း ကြည်နူးဖွယ်တွေ့ မြင်ရပါတယ် ..

ပရိတ်သတ်များအတွက် ရင်ခုန်သံအသစ်လေးများကိုဖန်တီးပေးလျက်ရှိတဲ့  ဂျေအမ်အာရဲ့ အစီအစဉ်အသစ်လေးများ ဟာဆိုရင်လဲ အများနဲ့ မတူ၊ တမူထူးခြားတာကြောင့် JMR Main စာမျက်နှာမှာ ပရိတ်သတ်များရဲ့  တခဲနက်အားပေးတဲ့  comment များကို ရင်သပ်ရှူမောဖွယ်တွေ့ မြင်ရပါတယ် .. JULY'2010 မှာထုတ်လွင့်ပေးခဲ့ တဲ့ အစီအစဉ်အသစ်လေးများကတော့ ကြယ်ပွင့်များနှင့်စကားစမြည် .. အစီအစဉ် ၊ ကျောင်းတော်ဟောင်းရဲ့ ဒိုင်ယာရီ .. အစီအစဉ် တို့ ဖြစ်ပါတယ် .. June' 2010 မှာစတင်ထုတ်လွင့်ခဲ့ တဲ့  သီဟလုလင်ရဲ့  အလွမ်းစကားအစီအစဉ်အသစ်လေးကတော့ အပတ်စဉ်ထုတ်လွင့်သွားမယ့်အစီအစဉ်လေး ဖြစ်ပြီး ပရိတ်သတ်များရဲ့  အားပေးမှူကိုအပြည့်အ၀ ရရှိသွားတဲ့ နာမည်ကြီးအစီအစဉ်လေးတခုပါ .. ကျောင်းတော်ဟောင်းရဲ့ ဒိုင်ယာရီ အစီအစဉ်သစ်ကလေးကိုလဲ ပရိတ်သတ်များလွန်စွာနှစ်သက်ကြတဲ့ အတွက် ထပ်ခါထပ်ခါလွင့်ပေးပါလို့ တောင်းဆိုလာတာမျိုးကိုပါ တွေ့ ရပါတယ် .. April' 2010 မှာ ထုတ်လွင့်ပေးခဲ့ တဲ့  JMR ရဲ့ ပထမဆုံး သင်္ကြန် အချစ်ဇာတ်လမ်းလေးတပုဒ် ဖြစ်တဲ့  ရင်ခွင်ရဲ့ သင်္ကြန် ရေဒီယိုဇာတ်လမ်း လေးကို ပရိတ်သတ်များရဲ့ ပြန်လည်တောင်းဆိုမှူကြောင့် JULY'2010 မှာ ထပ်မံပြန်လည်ထုတ်လွင့်ပေးခဲ့ ပါတယ် .. JMR မိသားစုမှာရှိနေတဲ့  ပညာသင် ကျောင်းသားလူငယ်များ စာမေးပွဲဖြေဆိုရမှာဖြစ်တဲ့ အတွက် လူကြိုက်များတဲ့  Honey's Honey Pot အစီအစဉ်လေး ကို June လမှာ ထုတ်လွင့်နိုင်ခဲ့ ခြင်းမရှိပေမယ့် JULY လမှာပြန်လည်စတင်ထုတ်လွင့်နိုင်ခဲ့ ပြီး ပရိတ်သတ်ရဲ့  တခဲနက်အားပေးမှူကို ပြန်လည်ရယူနေပါပြီ .. အပတ်စဉ်ပြန်လည်ထုတ်လွင့်သွားမယ်လို့ လဲ သိရပါတယ် ..
စဉ်ဆက်မပြတ်အားပေးလျက်ရှိသော ပရိတ်သတ်များရဲ့  မေတ္တာများကြောင့် တိုးတက်အောင်မြင်နေတဲ့  JMR Online Radio Station လေးကို www.justmusicradio.net မှာလာရောက်ပြီး အဖွဲ့ ဝင်ကြသလို JMR ရဲ့  Facebook မှာလဲ အသင်းဝင်သူများနေ့ စဉ်နဲ့ အမျှ တိုးတက်လာတာကို ၀မ်းမြောက်စွာတွေ့ ရပါတယ် ...
JMR Online Radio Station ရဲ့  Main Page ကတော့ ပြုပြင်မွန်းမံဆဲ ကာလဖြစ်သော်ငြားလည်း မကြာခင်အချိန်အတွင်းမှာ ပရိတ်သတ်များထံသို့ ရင်သပ်ရှူမောဖွယ်အစီအစဉ်လေးများနဲ့  ရောက်ရှိလို့  လာမှာဖြစ်တဲ့ အတွက် ရင်ခုန်စွာနဲ့ စောင့်မျှော်အားပေးကြပါလို့  သတင်းကောင်းပါးအပ်ပါတယ် ..
JMR radio into your website or blog

Myammar Time

Singapore Time