Dj Queen's met JMR Yangon Team

Dj Queen
With Dj Sweet, Dj Jack and BlackFly
U Thein Zaw's Birthday

 

JMR ပရိတ်သတ်ကြီးတွေရေ အခုတော့ Queen မြန်မာပြည်ကိုပြန်ရောက်နေပါပြီရှင်။

Queen ရဲ့Listener တွေအားလုံးကို Queen သတိရလျှက်ပါ။

ဇန်န၀ါရီလ ၂၁ ရက်နေ့ စနေနေ့မှာ JMR Team ရဲ့ တွေ့ဆုံပွဲလေး ပြုလုပ်ခဲ့ပါတယ် ..
Queen အတွက်တော့ မြန်မာပြည်ကို ပြန်ရောက်ပြီး ပထမဆုံး Ygn Team နဲ့ တွေ့ဆုံတဲ့ပွဲလေးပါ ..

မောင်နှမတွေ ဆုံကြရင်းနဲ့ JMR အတွက် ကြော်ငြာလေး တစ်ခုရိုက်ဖို့ အတွက်ရယ် ၊ ချစ်သူများနေ့အတွက် program လေးတစ်ခု လုပ်ဖို့ တိုင်ပင်ကြတာပါ ..

ဒီပွဲလေးကို DJ Sweet , DJ Jack , DJ Ice , ဇော်မျိုး , ရဲကို , မုံရွာကနေ တကူးတက ရောက်အောင်လာတဲ့ DJ လွင်ပြင် ပြီးတော့ ဇော်မျိုးရဲ့ သူငယ်ချင်း၂ယောက်ဖြစ်တဲ့ နေဇော်ထွန်း နဲ့ ရွန်းလဲ့ တို့ လာခဲ့ပါတယ် ..

နေရာကတော့ တီထွေး နဲ့ ဦးသိန်းဇော် တို့ရဲ့ ရန်ကင်း ခြံထဲမှာပါ ...
DJ Jack က မလာဖြစ်တော့ဘူး ပြောလို့ ဖုန်းဆက်ပြီး ထပ်ခေါ်ရပါသေးတယ် .. တရုတ်နှစ်ကူး ကန်တော့ နေလို့ပါတဲ့လေ ..
မောင်နှမတွေ အားလုံးစုံတော့ တီထွေးက chinese restaurant မှာ နေ့လည်စာ လိုက်ကျွေးပါတယ် ..
နောက်တော့ ကြော်ငြာ ရိုက်ကူးရေးကိုတော့ ခြံထဲမှာပဲ နေဇော်ထွန်းက ဓါတ်ပုံရော ဗီဒီယိုပါ ရိုက်ပေးခဲ့ပါတယ် ..
တဆက်ထဲမှာပဲ ဦးသိန်းဇော်ရဲ့ မွေးနေ့ပွဲလေးကိုလည်း ကျင်းပခဲ့ပါတယ် ... အားလုံးအမှတ်တရပါပဲ ..
ဓါတ်ပုံပဲ မြင်ဖူးပြီး Skype မှာပဲ စကားပြောကြရင်း နဲ့ ရင်းနှီခဲ့ကြတဲ့ မောင်နှမတွေကို အပြင်မှာ တွေ့ရတာ တကယ်ပဲ ပျော်ဖို့ ကောင်းခဲ့ပါတယ် ..
သူငယ်ချင်းတွေထက် နွေးထွေးတဲ့ ခင်မင်မှုကို ခံစားရပါတယ် ... မမြင်ဖူးပေမယ့် တစိမ်းတွေလို ဖြစ်မနေပါဘူး .. ကွဲကွာနေရတဲ့ မိသားစုနဲ့ ပြန်ဆုံစည်းရသလိုပါပဲ ... အရမ်းကို ပျော်ရွင်ခဲ့ရတဲ့ အမှတ်တရနေ့လေးတစ်နေ့ပါပဲ ...

တွေ့ဆုံပွဲလေးကို လာရောက်ပေးခဲ့တဲ့ မောင်နှမတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ...

နေ့လည်စာနဲ့ ဧည့်ခံတဲ့ တီထွေး ၊ ပြီးတော့ Queen တို့ JMR ဆုံတွေ့ပွဲလေးမှာ အမှတ်တရ ဓါတ်ပုံတွေ ရိုက်ပေးခဲ့တဲ့ နေဇော်ထွန်း တို့ကို ကျေးဇူး အထူးတင်ရှိပါတယ်..

 

Dj Queen

JMR radio into your website or blog

Myammar Time

Singapore Time