အစီအစဉ်လေးတွေကိုတစ်ခုထက် တစ်ခုပိုပိုကောင်းလာအောင် အမြဲကြိုးစားနေတဲ့ JustMusicRadio ကနေနောက်ထပ် ပရိတ်သတ်အားလုံး ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ထားပြီး အများစုကလည်းစိတ်ဝင်စားနေတဲ့ ကြယ်စင်များနဲ့ JMR လို့အမည်ရတဲ့အစီစဉ်သစ်လေးကိုရှင်းပြရင်းနဲ့မိတ်ဆက်ပေးလိုက်ပါတယ်နော်။
အရင်တုန်းကတော့ကြယ်စင်များနဲ့ယွန်းဆိုပြီးပရိသတ်တွေအားပေးမှုကိုရခဲ့တဲ့အစီအစဉ်လေးပါ။အခုချိန်မှာတော့ယွန်းက
အိမ်ထောင်ရှင်မဘ၀ကိုပျော်ပျော်ရွှင်ရွှင်နဲ့ကူးပြောင်းသွားပြီမို့ဒီအစီအစဉ်လေးမှာပါဝင်နိုင်ခြင်းမရှိတော့ပါဘူး။ဒါပေမဲ့ JMR Yangon Team မိသားစုဝင်တွေက ဆက်လက်ပြီး မြန်မာနိုင်ငံရှိနာမည်ကြီးအဆိုတော်များထံသွားရောက် တွေ့ ဆုံပြီးပရိတ်သတ်တွေ သိလိုသမျှ စိတ်ဝင်စားနိုင်တဲ့ မေးခွန်းတွေကိုမေးမြန်းပေးမှာဖြစ်ပါတယ် ။ပရိသတ်များ ကြိုက်နှစ်သက်တဲ့  နာမည်ကြီးအဆိုတော်များရဲ့ လက်ရှိလှုပ်ရှားမှုတွေကိုတစ်ခုနဲ့ တစ်ခု မရိုးရအောင်မေးမြန်းပေးပြီး JMRရဲ့ပရိသတ်ကြီးကို
အကောင်းဆုံးတင်ဆက်ပေးသွားဦးမှာပါ။