ပရိတ်သတ်ကြီးများရေ Just Music Radioမှာစာတိုက်လေးတစ်ခု ဖွင့်လှစ်လိုက်ပြီနော်ဘယ်လိုစာတိုက်လေးလဲဆိုတော နှလုံးသားနဲ့ပတ်သတ်တဲ့စာတိုက်လေးပါ။ ဒီစာတိုက်လေးထဲကို ဘယ်လိုစာလေးတွေထည့်လို့ရလဲဆိုတော့တိတ်တခိုးဖြစ်နေပြီး ချစ်သူကိုပြောမပြရဲတဲသူလေးများအတွက် မိမိချစ်နေတဲ့ချစ်သူကို
သိစေချင်တဲ့နှလုံးသားထဲက ချစ်စာလေးတွေ၊ကဗျာလေးတွေကိုရယ် ၊အဝေးရောက်နေတဲ့
ချစ်သူတွေရဲ့ နှလုံးသားများကြားက လွမ်းဆွတ်သံများရယ်၊ အကြောင်းတစ်ခုခုကြောင့် လက်တွဲခွင့်မရခဲ့ရတဲ့ချစ်သူများရဲ့ ခံစားချက်ပဲ့တင်သံလေးများရယ်၊
မိသားစုဝင်အချင်းချင်းပေးပို့ချင်တဲ့ စာလေးများ၊သူငယ်ချင်းအချင်းချင်းပေးပို့ချင်တဲ့စာလေးများစတဲ့
မိမိနှလုံးသားမေတ္တာနဲ ဖန်တီးထားတဲ့စာလေးများအားလုံးကို JMR ရဲ့စာပို့သမားလေးတွေက မိမိပို့ချင်တဲ့ချစ်သူ၊
သူငယ်ချင်း၊မိသားစုဝင်များ အားလုံးရဲ့ နှလုံးသားများထဲ အထိရောက်အောင် လေလှိုင်းကြားထဲကနေ
နှလုံးသားလေးတွေ အရင်းပြုပြီးပို့ဆောင်ပေးမဲ့ အစီအစဉ်လေးပါ။
နောက်ထပ်ပြီးတော့လဲ မိမိချစ်ရတဲ့သူရဲ့မွေးနေ့ဆုတောင်းနဲ့ ဆုတောင်းသီချင်းလေးများ
၊ချစ်သူနှစ်ပတ်လည် သီချင်းလေးများကို လဲပို့ဆောင်ပေးပါဦးမယ်။ အဲဒီအတွက် ပရိတ်သတ်ကြီးတွေ
ရင်ထဲကစာလေးတွေကို JMRရဲ့လုံးသား စာတိုက်လေးထဲမှာ လာထည့်ကြဖို့မမေ့ပါနဲ့နော်။
စာထည့်ရန်အတွက်ကတော့နှလုံးသားစာတိုက်မှ စာလေးတွေကို လက်ရှိလောလောဆယ် တာဝန်ယူပို့ဆောင်ပေးမဲ့ DJ Kool ရဲ့dj.kool@justmusicradio.net ကိုနှလုံးသားစာတိုက်လို့ခေါင်းစဉ်ပေးပြီးစာထည့်လို့ရပါတယ်နော်။ မိမိပို့တဲ့နှလုံးသားစာလေးထဲမှာပေးပို့သူနဲ့ရရှိစေချင်သူရဲ့နာမည်နဲ့
လက်ရှိနေရပ်လေးများကိုလဲထည့်ရေးဖို့မမေ့ပါနဲ့ဦးနော်....
JMR ရဲ့ စာတိုက်ပုံးလေးထဲကစာလေးများကို US Estတနင်္လာနေ့ မနက်၁၀နာရီမှ၁၂နာရီ GMT (Europe) ညနေ ၃နာရီ မှ ၅နာရီ စင်ကာပူစံတော်ချိန် တနင်္လာနေ့ည ၁၀ နာရီ မှ ၁၂ နာရီအထိ၂ နာရီတိတိ DJ Kool မှ နှလုံးသားလေးအရင်းပြုပြီး ပို့ဆောင်ပေးမှာဖြစ်တဲ့အကြောင်း အသိပေးရင်းနဲ့ ပရိသတ်များရဲ့နှလုံးသားစာသားများကိုလဲ စာတိုက်ပုံးလေးမဖွင့်ခင် အမှီပေးပို့ပေးကြပါဦးနော်။