Interview With Mary Win

Marry Win

Eizzy: မင်္ဂလာပါ ကျွန်မကတော့ Just Music Radio Station (JMR) က dj eizzy ဖြစ်ပါတယ် ။
နောင်မကြာမီအချိန်အတွင်းမှာတော့ ကျွန်မဟာ Mary Win လို့ အမည်တွင်တဲ့ ဂီတလောကကို ငယ်ငယ်အရွယ်ကတည်းက ဝင်ရောက်ခဲ့ပြီး .. အောင်မြင်မှု့များစွာရရှိနေတဲ့ အဆိုတော်လဲဖြစ် သီချင်းလဲရေးတဲ့ အဆိုတော်မလေးကို interview တော့မှာဖြစ်ပါတယ် ။

Eizzyz
Mary ရေ ကြိုဆိုပါတယ် JMR ကကြိုဆိုပါတယ် ။

Mary Win
မင်္ဂလာပါ eizzy ရေ ..
Eizzy
ပထမဦးဆုံးအနေနဲ့ JMR က radio listener များကို Maryရဲ့  အကြောင်းနဲနဲလောက်မိတ်ဆက်ပေးပါဦး ။

Mary Win
အင်း .. မိတ်ဆက်ရမယ်ဆိုရင်တော့ ကျွန်မက Burmese American သီချင်းရေးဆရာ အဆိုတော်တစ်ဦးဖြစ်ပြီး ခုဆိုရင် အသက်၂၀ ရှိနေပါပြီ။ ခုလို JMR နဲ့ တွေ့စုံခွင့်ရတဲ့အတွက် အများကြီးဝမ်းသာပါတယ် ။

Eizzy
Eizzy ကြားသိရတာကတော့ Mary ဟာငယ်ငယ်ကတည်းက ဂီတလောကကိုဝင်ရောက်ခဲ့တယ်တဲ့ .. အဲ့ဒါ အသက်ဘယ်လောက်ဖြစ်မလဲ ဟင်

Mary Win
ကျွန်မ ငယ်ငယ်ကျောင်းမှာကတည်းက လေ့လာခဲ့ပြီး အလယ်တန်းပြီးခါနီးနှစ်တွေ မှာ သံစဉ်တွေရှာရင်း လေ့လာရင်းနဲ့ အချိန်တွေကုန်ခဲ့တယ် ။ ဒါပေမယ့် သေသေချာချာ နားမလည်ခဲ့ပါဘူး ။ အဲ့လိုနဲ့ အထက်တန်းရောက်တော့ သီချင်းတွေနားထောင်ရင်း သံစဉ်တွေကိုဘယ်လိုရှာရမယ်ဆိုတာကိုနားလည်ခဲ့တယ်။

Eizzy
ဘယ်သူက Maryကိုစပြီးသီချင်းဆိုရန် တိုက်တွန်းတာလဲ ပြောပြပါဦး ?

Mary Win
အင်း ..ဒါကတော့ ကျွန်မ ငယ်ငယ်ကတည်းက အိမ်မှာ လည့်ပတ်ပြီး အဖေ အမေနဲ့အတူ သီချင်းဆိုနေခဲ့တာပါပဲ ..
ကျွန်မမှတ်မိတာကတော့ ငယ်ငယ်က မေမေနဲ့အတူ မေဆွိသီချင်းတွေကို နားထောင်တယ် ပြီးတော့ ပြန်ဆို အသံသွင်းပြီး .. ပြန်နားထောင်တာပါပဲ .. ဖေဖေနဲ့အတူလဲ Beegees အဖွဲ့ရဲ့ သီချင်းတွေကို ဆိုတာပါပဲ .

Eizzy
Eizzyလဲ Beegees ကိုအရမ်းကြိုက်တာ ..

Mary Win
ဟုတ်တယ် သူတို့ ကရမ်းကောင်းတယ် ..

Eizzy
Mary သီချင်းတွေလဲရေးပြီး ဂစ်တာလဲတီးတတ်တယ်လေ .. ဒါနဲ့ Maryရဲ့ ပထမဦးဆုံး သီချင်းရေးဖြစ်ပုံလေးလဲပြောပြပါဦး .. ?

Mary
ကျွန်မ သီချင်းစရေးဖြစ်ပုံက ..
ကျွန်မ online မှာ ဂစ်တာ သင်တန်းတက်ပြီး လက်ကွက်တီးတာတွေ သံစဉ်ရှာတာတွေ သင်တယ် .. အဲ့မှာ ကျွန်မရဲ့  မွန်းကျပ်မှု့အဆင်မပြေမှု့တွေနဲ့ လူငယ်သဘာဝ အသည်းကွဲ တဲ့ အခါမှာ စရေးဖြစ်တာပါ ။

Eizzy
Mary ဆိုတဲ့ သီချင်းအမျိုးစားကို ဘယ်လိုဖော်ပြလိုရမလဲပြောပါဦး .. ?

Mary Win
ဒါကတော့ တစ်မျိုးကိုရွေးဖိုဆိုတာအရမ်းကိုခတ်ခဲပါတယ် ..
ကျွန်မက ခေါင်းထဲပေါ်လာတဲ့ သီချင်း သံစဉ်ကိုဆိုတာပါပဲ .
ကျွန်မ ထင်တာကတော့ .. Electronic Music , country rock , 1990 music, တွေဖြစ်မယ် ။

Eizzy
Mary ဂီတလောကထဲကို သီချင်းရေးတဲ့လူတစ်ဦးအဖြစ်နဲ့ဝင်ခဲ့တာလား ဒါမှမဟုတ် အဆိုတော်တစ်ဦးအနေနဲ့လား ..

Mary Win
ကျွန်မ ဂစ်တာမတီးတတ်ခင်တုန်းက သီချင်းတွေစရေးခဲ့တယ် ကျွန်မ တီးတတ်သလောက်တီးပြီး သံစဉ်တွေရှာရင်း သီချင်းတွေ ရေးခဲ့တယ် ။
ဒါပေမယ့် ကျောင်းပြီးတဲ့အခါမှာ ပညာရေးကိုလဲ မထိခိုက်နိုင်တော့တဲ့အတွက် ပိုပြီး ဖိဖိစီးစီးလုပ်ဖြစ်တယ် ။

Eizzy
သီချင်းဆိုတာ .. ဂစ်တာတီးတာရယ် .. သီချင်းရေးတာရယ်မှာ ဘယ်ဟာကိုယ် Maryအကြိုက်ဆုံးလဲ ပြောပါဦး ။

Mary Win
ကျွန်မ ကတော့ တစ်နေ့လုံး သီချင်းတွေရေးဖြစ်တယ် ဂစ်တာလဲတီးတာပါပဲ အဲ့ဒါတွေပြီးတော့ သီချင်းတွေဆိုတာပါပဲ ။ သူဟာနဲ့ သူတော့ ပျော်စရာကောင်းတာပါပဲ ။

Eizzy
Maryသီချင်းဆိုရတာကိုဘာလို့ ကြိုက်တာလဲပြောပြပါဦး ။

Mary Win
ဘာလိုကြိုက်တာလဲဆိုတော့ ..ကျွန်မအသံကို ကျွန်မနားထောင်ရတာရယ် ကိုယ့်ရင်နဲ့ခံစားပြီး ထွက်လာတဲ့ စာသားတွေကို သီဆိုရတာကိုကြိုက်တယ် ။

Eizzy
Maryသီချင်းစဆိုတုန်း က Mary ရဲ့ မိဘတွေကရော သဘောတူ အားပေးကြလား ..
များသောအားဖြင့် မိဘတွေက သူတို့ သားသမီးတွေကို ပညာတတ် ကြီး ဖြစ်စေချင်ကြတယ်လေ အဲ့တော့ Maryရဲ့ မိဘတွေရဲ့ သဘောထားကရော ဘယ်လိုလဲ ။

Mary Win
ပထမကတော့ ကျွန်မ ကျောင်းမှာ အဆင့်တွေ ကျွန်မ မိဘတွေသဘောမတူဘူး ကျွန်မရဲ့  ဂစ်တာနဲ့ တူရိယာ ပစ္စည်းတွေကို အဆင့်တွေပြန်မကောင်းမလာမချင်း သိမ်းထားကြတယ် . . အဆင့်တွေပြန်ကောင်းလာတော့မှ ပြန်ထုတ်ပေးကြတယ် ...
အဖေကတော့ကျွန်မကိုအားပေးပါတယ် ။
ကျွန်မ အံ့သြတာက သူကျွန်မကို အနုပညာသမားတစ်ဦးဖြစ်လာဖို အားပေးတာကိုပဲ ။
သူကျွန်မကိုအမြဲပြောတယ် .. သူ စန္ဒယားကို အမြဲတီးတတ်ချင်ပေမယ့် ဘယ်တော့မှ သင်ခွင့်မရခဲ့ဘူး ..အဲ့ဒီအတွက် ကျွန်မ အနုပညာရှင်တစ်ဦးဖြစ်လာဖိုအတွက်ကိုလဲအားပေးတယ် ။

Eizzy
Mary မိဘတွေက မြန်မာပြည်ကဆိုတော့ Mary မြန်မာစကား နဲနဲ မပြောတတ်ဘူးလား ?

Mary Win
ဟုတ် .. ကျွန်မ မရေးတတ်ဘူး မဖတ်တတ်တော့ဘူး ဒါပေမယ့် သူများပြောတာကိုတော့ နဲနဲ နားလည်တယ် .. ကိုယ်တိုင်ကတော့ စကားလုံး တစ်လုံး နှစ်လုံးပဲ ပြောတတ်တယ် .. ။

Eizzy
ပြောကြည့်ပါလား ..

Mar Win
နေ .. ကောင်း .. လား
အဲ့ဒါ How are you ? လား
ကျေးဇူးတင်ပါတယ် ..

Eizzy Virus
Mary အဲ့တော့ မြန်မာပြည်ကို မပြန်ဖူးဘူးလားဟင်

Mary Win
ဟုတ်တယ် မပြန်ဖူးဘူး ကျွန်မUSA ကို ၁၀ လ သမီးအရွယ်ရောက်ကတည်းက မပြန်ဖြစ်တာ . .
အခွင့်အရေးရရင်တော့ ကျွန်မရဲ့  ရန်ကုန်မှာကျန်ခဲ့တဲ့ ဆွေမျိုးတွေနဲ့ပြန်တွေ့ချင်တယ် ..

Eizzy
Maryကတစ်ဦးတည်းသောသမီးလား ညီအစ်ကိုမောင်နှမတွေရှိသေးလား ..

Mary Win
ရှိတာပေါ့ ညီမလေး နှစ်ဦးရှိတယ် ..
သူတို့ တွေလဲ အနုပညာကိုဝါသနာပါကြတယ် ..

Eizzy
Mary မြန်မာပြည်မှာ ဖျော်ဖြေရေးပွဲလုပ်ဖိုအစီအစဉ်မရှိဘူးလား ..

Mary Win
လုပ်ချင်တာပေါ့ .. အရမ်းကိုဂုဏ်ယူမိမှာပါပဲ . .
ကိုယ့်နိုင်ငံကိုပြန်ပြီး ကိုယ့်ရဲ့လူမျိုးတွေကိုဖျော်ဖြေပေးရတာကို ဝမ်းသာမိမှာပဲ ။

Eizzy
Mary ဘယ်နိုင်ငံတွေကို ခရီးထွက်ချင်လဲ

Mary Win
ကျွန်မ က US နဲ့ Canada ကလွဲပြီး ကျန်တဲ့ နေရာတွေမသွားဖူးတော့ Europe နဲ့ Asia ကိုသွားချင်တာပေါ့

Eizzy
အသက်ငယ်ငယ်နဲ့ ဂီတလောကထဲကို ဝင်တာကို ခက်ခဲတယ်လို့ မထင်မိဘူးလား

Mary Win
မထင်မိပါဘူး .. ကျွန်မ လဲ ငယ်ငယ်ကတည်းကစခဲ့တာပါပဲ .. ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နိုင်ဖိုပဲလိုပါတယ် ..

Eizzy
အာရှသားတစ်ဦးအနေနဲ့ အမေရီးကားမှာ ဂီတလောကထဲကို စဝင်တုန်းက အခက်အခဲတွေရှိသေးလား ..

Mary Win
US ကို လူမျိုးရေးခွဲခြားမှု့ရှိတဲ့ နေရာတစ်ခုလို မထင်မိပါဘူး .. ပရိတ်သတ်က လက်ခံရင် အဆင်ပြေပါတယ်

Eizzy
Mary ရဲ့  အလေးစားရဆုံး အားကျရတဲ့ အဆိုတော်တစ်ဦးဦးကိုပြောပြပါဦး ။

Mary Win
အဲ့ဒါကတော့အများကြီးရှိတာဆိုတော
့ ရွေးရတာခတ်တယ် ..
ကျွန်မ ငယ်ငယ်လေးကတည်းက Alice in Chain ရဲ့ သီချင်းတွေကိုစနားထောင်ပြီး .. သူတို့ ရဲ့ သီချင်းတွေကိုအရမ်းကြိုက်တယ် ..
အဲ့ဒီအဖွဲ့က Jerry Cantrell ရဲ့ သီချင်းတွေကိုလဲ လိုက်ဆို လိုက်တီးကြည့်တယ် .. သူဆီကအများကြီး အတုယူသင်ယူခဲ့ရတယ် ..
သူတင်မကဘူး Ozzy Osbourne, Bob Canada and , nick drake တို့ ကိုလဲကြိုက်ပါတယ် ။

Eizzy
လာမဲ့ December မှာ concert လုပ်မယ်ကြားပါတယ် အဲ့ဒီပွဲလေးအကြောင်းကိုအသေးစိတ်ရှင်းပြပါဦးလား

Mary Win
Tuesday ၊ December 8 , 8 pm ဖြစ်ပြီး NPCC ( Northern Pacefic Coffee Company ) ကဦးစီးကျင်းပပေးတာဖြစ်ပါတယ် ။
အဲ့ပွဲမှာ ကျွန်မ ရဲ့ ဒီနှစ် နွေရာသီကရေးထားတဲ့ သီချင်းတွေကိုဆိုမယ် ပြီးရင် youtube မှာလဲ တင်ဦးမှာပါ ။

Eizzy
ဆိုမဲ့ သီချင်းတွေရဲ့ နာမည်လေးတွေပြောပြပါဦးလား . .

Mary Win
somwhere i belong, red in water , what do u think

Eizzy
အဲ့သီချင်းတွေကို youtube မှာတင်ဦးမှာမဟုတ်လား ..

Mary Win
New Year အမှီတင်ဖြစ်မယ်ထင်တယ် ..

Eizzy
သီချင်းအဟောင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ .. Trailing Abalones ကိုလူကြိုက်များပြီး JMR က dj တွေလဲတစ်ခါတစ်လေဖွင့်ကြပါတယ် ။
အဲ့ဒီ song လေးရေးဖြစ်ပုံကိုပြောပြပါဦး .။

Mary Win
မေးတဲ့အတွက် ကျေးဇူးတင်ပါတယ် .. အဲ့ သီချင်းကို ရေးဖြစ်ပုံက .. ကျွန်မ အဲ့သီချင်းကို 2007 ကရေးဖြစ်တာပါ .. ရေးနေတဲ့အချိန် တုန်းက စိတ်ရှုပ်ထွေးစရာတွေရှိနေပြီး ..ကျွန်မအမှတ်တရတွေကို တွေးမိပြီး ငယ်ငယ်ကရှိခဲ့ဖူးတဲ့ Abalones ပုံလေးကိုအမှတ်ရပြီးရေးဖြစ်တာပါ ။

Eizzy
နောက်ဆုံးအနေနဲ့ ပရိသတ်တွေနဲ့ .. Just Music Radio နားထောင်သူတွေကိုဘာပြောဦးမလဲ ..

Mary Win
ဆက်ပြီး အားပေးနားထောင်ကြပါဦး .. အများကြီးကျေးဇူးတင်ပါတယ် .. ဆက်ပြီးတော့လဲ အားပေးပါဦးလို့ 

Eizzy
အင်တာဗျူးကို ဖြေပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် ။
JMR ကိုယ်စား eizzy မှ mary win ကို ရှေ့ဆက်ပြီး ဘဝခရီးမှာ အောင်မြင်မှု့တွေရရှိပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်။

JMR radio into your website or blog

Myammar Time

Singapore Time