Eizzy- မင်္ဂလာပါ Rie… Just Music Radio မှာတွေ့ရတာဝမ်းသာပါတယ် နေကောင်းတယ်နော်?
Rie- ဟုတ် ကောင်းပါတယ် ကျေးဇူးတင်ပါတယ်
Eizzy- မကြာသေးမှီကမှ US ကနေ ပြန်လာတယ်လို့ သတင်းကြားမိတယ် ခရီးသွားတာအဆင်ပြေခဲ့ရဲ့လား.?
Rie - ခရီးက၃ညနဲ့၅ရက်ခရီးပါ...အဲမှာshow ပွဲသေးသေးလေးတစ်ခုပါလုပ်ခဲ့တယ် အရမ်းအကြီးကြီးတော့မဟုတ်ပါဘူး Living room lounge မှာပါ..... အဲနေရာလေးက (East Filler) လို့ထင်တယ်။ ထပ်ခိုးလိုနေရာမျိုးမှာလုပ်ခဲ့ပါတယ်...ရှိုးကမကြီးပေမယ့်နွေးနွေးထွေးထွေးရှိပြီးပျော်စရာကောင်းခဲ့ပါတယ်
Eizzy- ဒါဆို ခရီးကနေပြီးတော့ မွေးရပ်မြေဂျပန်ကို အဆင်ပြေစွာပြန်ရောက်ခဲ့တယ်ပေါ့?
Rie --- ဟုတ်ကဲ့။
Eizzy- အိုကေ ဒါဆိုရင် မေးခွန်းလေးတွေစလိုက်ရအောင် ပထမဦးဆုံးအနေနဲ့ နာမည်က ရီဖူး ? အသံထွက်တာမှန်လားမသိဘူးနော်..?
Rie - ဟုတ်ပါတယ် (ရီယာဖူး) လို့အသံထွက်တာ မှန်ပါတယ်
Eizzy- Rie Fu ရဲ့နာမည် အပြည့်အစုံကို JMR ပရိသတ်တွေသိအောင် ပြောပြလို့ရမလား မသိဘူး?
Rie - နာမည်အရင်းက Rie Funakoshi ပါ ဒါပေမယ့် ကျွန်မ နာမည်ကိုအတိုဖြစ်အောင်လုပ်လိုက်တယ် ဘာဖြစ်လို့လဲဆိုတော့ အဲနာမည် က လူတိုင်းမှတ်မိရလွယ်တယ်လေ ပြီးတော့ Rie Funakoshi
ဆိုတဲ့နာမည်က ဂျပန် politician တွေနဲ့နည်းနည်းလည်း ဆက်နွယ်နေတယ် လေ rei fu ဆိုတဲ့နာမည်က ဂီတလောကမှာ ပိုပြီးသင့်တော်လိမ့်မယ် လို့ ကျွန်မထင်တယ်.....
Eizzy- ဂျပန်နိုင်ငံမှာမွေးတာလား?
Rie - ဟုတ်ပါတယ် ကျွန်မက ဂျပန်နိုင်ငံတိုကျိုမြို့မှာ မွေးတာပါ
Eizzy- အိုကေ အရင်က (Mary Land) ဆိုတဲ့ မြို့မှာ မိသာစုတွေနဲ့ နေထိုင်တယ် လို့ ကြားဖူးတယ် (Mary Land)ရဲ့ ဘယ် အစိတ်အပိုင်း မှာနေထိုင်ပါသလဲ?
Rie - ဟုတ်ပါတယ် င်္ Frederick ဆိုတဲ့ မြို့လေးမှာနေခဲ့တယ်....အဲမြို့လေးကတော့လယ်တွေနွားတွေအများကြီးရှိတဲ့ပတ်ဝန်းကျင်လေးပေါ့ ...country musicရှိတဲ့ မြို့ပြင်လေးတစ်ခုပါပဲ...
Eizzy- ဘယ်အသက်အရွယ်လောက်ကနေထိုင်ခဲ့တာလဲ?
Rie- အသက်ရနှစ်ကနေ၁၀နှစ်ထိနေခဲ့တာပါ
Eizzy-ဘယ် အချိန်ကစပြီးတော့ အဆိုတော်ဖြစ်ချင်တယ်ဆိုတဲ့ စိတ် ဖြစ်လာခဲ့တာလဲ ပြောပြလို့ရမလား?
Rie- အသက် (၁၇) နှစ်လောက် အရွယ် အထိ ကိုယ့်ကိုယ်ကိုယ် အဆိုတော်တစ်ယောကဖြစ်ချင်တယ်လို့တော့ မစဉ်းစားခဲ့ပါဘူး ဒါပေမယ့် ပထမဦးဆုံးအကြိမ် အဲလိုမျိုးတွေးမိလာတာက ကျွန်မ ကောလိပ်ကျောင်းသူဘ၀ ရောက်တော့ လန်ဒန်မှာ ရှိတဲ့ အနုပညာနဲ့ ပါတ်သက်တယ်ဆိုတဲ့ကျောင်းကို ကျွန်မအရမ်းတက်ချင်ခဲ့ပါတယ် ဒါကြောင့်
ကျွန်မ အဲကျောင်းကိုတက်ရဖို့အတွက် အများကြီး ပြင်ဆင်ခဲ့ရပါတယ် တစ်နေ့ကျတော့ ကျွန်မအကိုက ဂစ်တာတလက်ဝယ်လာခဲ့ပါတယ် အဲနောက်ပိုင်းမှာတော့
ကျွန်မဂစ်တာကို စတင်လေ့လာရင်း ကျွန်မ တစ်လကို သီချင်းအပုဒ်သုံးဆယ်လောက် ရေးဖြစ်ခဲ့ပါတယ်
နေ့တိုင်းပဲသီချင်းတွေအဆက်မပြတ်ရေးခဲ့တယ်နောက်တော့ ကျွန်မရဲ့ demo tape ကို SONY ဆီကိုပို့ခဲ့တယ် အဲလိုနဲ့ပဲ Record Deal ကိုရခဲ့တယ်...ဒီလိုနဲ့ပဲဂီတလောကကိုရောက်လာခဲ့ပါတယ်အဲလိုနဲ့ပဲ ကျွန်မစိတ်က ဂီတဘက်ကို မသိမသာ ရောက်လာခဲ့ရင်းနဲ့ ဂီတလောက ထဲကို အခြေစိုက်ခဲ့တာပါ.ကျွန်မရဲ့ပင်ကိုယ် စရိုက် က ရှက်တတ်တော့ လူတွေအများကြီးရှေ့မှာ ခုလိုသီချင်းဆိုရလိမ့်မယ်လို့ မတွေးမိခဲ့ပါဘူး ငယ်ငယ်လေးတည်းက ကျွန်မလုပ်ဖြစ်ခဲ့တာတွေက ဆေးခြယ်တာ ပန်းချီဆွဲတာ တွေပဲများတယ်လေ.... သီချင်းရေးတာကလည်း ကျွန်မအမြဲတမ်းလုပ်ချင်နေတဲ့အစိတ်အပိုင်းတစ်ခုပါပဲ.
Eizzy- ဒီအသက်မွေးကြောင်းကိုရွေးချယ်ဖို့အတွက်ကို အမဘယ်သူ့ကိုအားကျခဲ့သလဲ..?
Rie - အင်း ကျွန်မအသက်၁၇ အရွယ်တုန်းက Michelle Branch ကိုနားထောင်တယ်...အဲတုန်းကတိုကျိုမှာ သူ့ရှိုးကိုအမှတ်မထင်သွားကြည့်မိတယ် ... အဲဒါကိုကြည့်ရင်းနဲ့အားကျသွားတယ်..သူ့အသက်ကလည်းအဲတုန်းက
ကျွန်မနဲ့အသက်သိပ်မကွာဘူး...နောက်တော့ကျွန်မတွေးမိတာကသူ့လိုကျွန်မလည်းလုပ်နိုင်မယ်လို့တွေးရင်းနဲ့ လုပ်ဖြစ်သွားတာပါ..သူ့ကိုတော့ပထမဆုံးအားကျခဲ့တာပေါ့.
Eizzy- အမကကိုယ်ပိုင်သီချင်းတွေရေးတယ်ဆိုတော့ ပထမဆုံးရေးစပ်ခဲ့တဲ့သီချင်းလေးကိုပြောပြပါဦး?
Rie - Tsuki no Ue ဆိုတဲ့သီချင်းပါ အဲသီချင်းကအစ်မရဲ့ပထမဆုံးထွက်ရှိခဲ့တဲ့ single album -Decay ထဲမှာပါတယ် ...အဲထဲမှာစုစုပေါင်းသီချင်း၃ပုဒ်ရှိတယ်... Tsuki no Ue ဆိုတဲ့သီချင်းအပါအ၀င်ပေါ့..
Eizzy- သီချင်းရဲ့အဓိပါယ်လေးကိုပါပြောပြပါဦး?
Rie - သီချင်းလေးကတော့ အထက်တန်းကျောင်းကနေဘွဲ့ရသွားတော့အချင်းချင်းနှတ်ဆက်ကြတယ် ကျောင်းပြီးတော့
နောက်တစ်နေရာကိုသွားရတော့မှာပေါ့ တစ်နည်းအားဖြင့်ကမ္ဘာအသစ်ကိုရောကက်သွားသလိုပေါ့ ...... ဘယ်လိုပဲဖြစ်နေနေ
တစ်ယောက်နဲ့တစ်ယောက်ကတော့အမြဲတမ်း လမင်းလိုမျိုးအဆက်အသွယ်ရှိနေတယ်ဆိုတဲ့အဓိပါယ်လေးပါပဲ။
Eizzy-သီချင်းရေးတာနဲ့ သီချင်းဆိုတာ ဘယ်ဘက်ကိုပိုအားသန်ပါသလဲ?
Rie - ကျွန်မက ဖန်တီးရတာကို ၀ါသနာပါတော့ သီချင်းရေးတာကိုပိုအားသန်မိပါတယ်
Eizzy- Reiရဲ့ အသံက သီချင်း ဆိုတိုင်းမှာ ကြည်ကြည် လင်လင် ပြတ်ပြတ်သားသားနဲ့ အရမ်းကောင်းတယ် နော် အသံကspecial အသံဖြစ်တယ်နော် အဲလိုမျိုးအသံရဖို့အတွက်အသံလေ့ကျင့်ခန်းလုပ်ခဲ့တာလား ဒါမှမဟုတ် သီချင်းသင်တန်းတက်ခဲ့တာလား?
Rie - မဟုတ်ပါဘူး ထွေထွေထူးထူး vocal trainingလုပ်ခဲ့တာ မရှိပါဘူး ကျွန်မစစချင်းသီချင်းစဆိုဖြစ်တော့ ကိုယ့်ကိုယ်ကိုယ်တော့ အသံအားနည်းနေတယ်ထင်မိတယ် ကိုယ့်ကိုယ်လည်း ယုံကြည်မှုမရှိခဲ့ပါဘူး ဒါပေမယ့် ကျွန်မအနားမှာရှိတဲ့ Producer တွေက တော့ စိတ်ဓါတ်မကျဖို့ကို အားပေးပါတယ် သာမာန် အခြေအနေကနေ ဒီလိုအခြေအနေ ရောက်လာတော့အခက်အခဲတော့ရှိတာပေါ့နော်producer တွေကတော့ vocal training မလုပ်ဖို့ကို ပြောပါတယ် ဘာဖြစ်လို့လဲဆိုတော့ ပင်ကိုယ် အသံ ပျောက်သွားမှာစိုးလို့ ကျွန်မ မလုပ်ခဲ့ပါဘူး
Eizzy-နောက်ပြီး rei က pianoလည်း တီးတတ်တယ်လို့ ကြားမိတယ် (life is like a boat) သီချင်းမှာ ကိုယ်တိုင် piano နဲ့တီးထားတယ်ဆိုတာဟုတ်ပါသလား?
Rie - ဟုတ်ပါတယ်
Eizzy- piano အပြင် တခြားဘာ တူရိယာပစ္စည်း တီးတတ်သေးသလဲ သိလို့ရမလား?
Rie - ကျွန်မဂစ်တာလည်း တီးတတ်ပါတယ် မကြာသေးမှီကထွက်ထားတဲ့ အခွေမှာ drum ကို ကိုယ်တိုင်တီးထားပါတယ် ဒါ့အပြင် ကျွန်မ bass ဂစ်တာကိုလည်း လေ့ကျင့်နေပါတယ် instrument နဲ့ပါတ်
သက်ပြီးတော့ အရမ်း crazy ဖြစ်ပါတယ်
Eizzy- အခုလောလောဆယ် အနေနဲ့ စုစုပေါင်း အခွေဘယ်နှစ်ခွေလောက် ထွက်ပြီးပြီလဲ?
Rie -(၄)ခွေလောက်တော့ ထွက်ပြီးပါပြီ.. ပထမအဆုံးအခွေက subtile Rei Fu, ဒုတိယအခွေကတော့ Rose , နောက်ပြီးတော့Tobira Album နောက်ဆုံးအခွေကတော့ Urban Romantic အခွေပေါ့( 2009 April) ကထွက်ခဲ့တာပါ ...
Eizzy- ဒီအခွေ၎ခုထဲမှာဘယ်အခွေကိုပိုပြီးအကြိုက်ဆုံးလဲ ?
Rie - ကျွန်မအကြိုက်ဆုံးကတော့နောက်ဆုံးထုတ်လိုက်တဲ့အခွေဖြစ်ပါတယ် .... အခွေတွေအများကြီးထွက်ပြီးတဲ့နောက်မှာ အတွေ့အကြုံတွေနည်းပညာအများကြီးကိုလေ့လာခဲ့ရပါတယ် ကျွန်မရဲ့အသံကိုလည်း ယုံကြည်မှုပိုရှိလာပါတယ် ... အဲဒါကြောင့်အရင်ကထွက်ရှိခဲ့တဲ့album တွေထက်နောက်ဆုံးအခွေကိုပိုပြီးအားရခဲ့ပါတယ်
Eizzy- Rie Birthday က မကြာခင်လာတော့မယ်နော်?
Rie - ဟုတ်ပါတယ် Jan 11 ရက်နေ့ မှ 25 ပြည့်မှာပါ
Eizzy- Rei ဒီအနုပညာလောကကိုစတင်ဝင်ရောက်တုန်းက အခက်အခဲတွေရှိခဲ့ပါလား?
Rie - အစ်မရဲ့ ပထမဆုံးထွက်တဲ့ အခွေကို ၁၉နှစ်အရွယ်မှာစတင်ထုတ်ခဲ့ပါတယ် အခုဆိုရင်ဂီတမှာကျင်လည်နေတာ၆နှစ်ပြည့်ခဲ့ပါပြီ အစ်မဂီတလောကကိုစတင်ဝင်တုန်းက လန်ဒန်မှာကောလိပ်စတက်တုန်းအရွယ်ပဲရှိသေးတယ်...ခရီးသွားရတာပဲပြသနာဖြစ်တယ် ဟိုဘက်ဒီဘက်ကို သွားတာ တစ်နေ့ကို၁၃နာရီလောက်ကြာတယ် အဲဒါကလွဲရင်တော့ကျန်တာအားလုံးအဆင်ပြေပါတယ်. ....မတူညီနဲ့ဘ၀နှစ်ခုကိုလျှောက်လှမ်းရတဲ့အတွက် အစ်မအတွက်တော့ အရမ်းကောင်းတဲ့အတွေ့အကြုံတစ်ခုပါပဲ.... .ပင်ပန်းတယ်လို့တော့မထင်မိပါဘူး။
Eizzy--မိဘတွေကရီဖူးရဲ့ဂီတအလုပ်ကိုအားပေးခဲ့ပါသလား?
Rie - ဟုတ်သူတို့တွေတကယ်ကိုအားပေးခဲ့ပါတယ် နားလည်ပေးခဲ့ပါတယ်
Eizzy- ဘယ်သူသီချင်းကရီဖူးဆိုတဲ့နာမည်ကို ကမ္ဘာသိအောင်လုပ်လိုက်တယ်လို့ထင်လဲ?
Rie - အစ်မထင်တာတော့ Animation song(life is life a boat) Gundem ကားထဲက I wanna go to a place ....Animation Song ကနေပြီးပြီးတော့ လူသိများလာတယ်လို့ထင်ပါတယ်။
Eizzy- Rie Fu ရဲ့ မြူးစစ်ပုံစံက ဘယ်လို ပုံစံစတိုင်လ်ဘယ်လိုဆိုတာJMRပရိတ်သိအောင်ပြောပေးပါ?
Rie - ဒီလိုမေးခွန်းမျိုးတွေက ခဏခဏလည်း အမေးခံရပါတယ် Music Style စတိုင်လ်ကိုပြောရတာ နည်းနည်းတော့ ခက်မယ့်ကျွန်မရဲ့ သီချင်းပုံစံက သဘာဝကျကျသီချင်းလေးတွေ ပုံမျိုးဖြစ်တယ်။ကိုယ်ရေးတဲ့သီချင်းကိုကိုယ့်ရဲ့မူပိုင်ပုံစံနဲ့  Showတွေမှာ ကိုယ်ပိုင်ဆိုခဲ့တယ်အဲလိုမျိုးဆိုတာတွေကို ဆိုရတာ သဘောကျတယ် ဒီလိုသီချင်းမျိုးဆိုရတာ သဘာဝကျတယ်လို့ ယူဆတယ်
Eizzy- ကိုယ်ပိုင်ပုံစံ၊ ကိုယ်ပိုင်စတိုင်နဲ့  တခြားကွဲပြားတဲ့ ဘယ်လိုသီချင်းတွေ လုပ်ဖို့ အစီအစဉ်ရှိသလဲဆိုတာ သိပါရစေ?
Rie - အင်း မကြာမီ ထွက်ထားတဲ့ သီချင်းတွေကို dj remix rthymesတွေနဲ့ မြူးမြူးကြွကြွတွေနဲ့ လုပ်ထားတယ်
Eizzy- နိုင်ငံတော်များ ကို ခရီးထွက်ဘူးတယ်ကြားတယ်ဘယ်နိုင်ငံကိုဖြေဖျော်ရေးခရီးစဉ် သဘောအကျဆုံးလဲ?
Rie - အတိအကျတော့ မဟုတ်ပါဘူး London....မှာအစ်မရဲ့သူငယ်ချင်းတွေအားလုံးအတွက်ကို ရှိုးပွဲသေးသေးလေးတစ်ခုလုပ်ခဲ့ပါဖူးပါတယ် အဲတော့အစ်မပြည်ပရှိုးတွေအများကြီးတော့မလုပ်ဖူးခဲ့ပါဘူး..
Eizzy- ဘယ်နိုင်ငံကိုသွားရောက်ပြီး Show ပွဲဖျော်ဖြေဖို့ အစီအစဉ်ရှိပါသလဲ?
Rie - လန်ဒန်မှာတင်ဆက်မှာပါ. နောက်နှစ်ကျရင်တော့ US ကိုသွားချင်ပါတယ် ။ အတိအကျပြောရရင် နောက်နှစ်မတိုင်ခင်US ကိုသွားချင်ပါတယ် New York မှာကြီးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူး နေရာသေးသေးကနေစပြီးတော့ရှိုးလုပ်ချင်ပါတယ်
Eizzy ----Japanese pop music အခုအခါဆိုရင်အရမ်းနာမည်ကြီးတယ်နော် ဒီလိုအခြေအနေအထိရောက်အောင် Japanese အနုပညာရှင်တွေကဘယ်လိုမျိုးကြိုးစားခဲ့ရတယ်လို့ထင်လဲ?
Rie - အဲလောက်လည်းမဟုတ်ပါဘူး Japanese music က အများကြီးတိုးတက်ဖို့လိုပါသေးတယ် ..အခုအချိန်ထိအောင်တော့ အစ်မတို့သီချင်းတွေကို Animation songs တွေမှာ အသုံးပြုပြီးတော့မှ ထွက်လာတာများတယ် ဒီအတိုင်း သတ်သတ်ကြီးထုတ်လိုက်တာတော့မရှိပါဘူး ... ဒီထက်တိုးတက်အောင်ကိုအစ်မတို့ကိုဆက်ကြိုးစားရဦးမယ်
Eizzy- Rie fu ရဲ့အမြင်မှာအဆိုတော်တစ်ယောက်ဖြစ်ဖို့ဘာတွေ ဘယ်လိုအရည်အချင်းမျိုးလိုအပ်တယ်ထင်လဲ?
Rie - ရိုးသားမှု ကိုယ်ယုံကြည်တဲ့ကိုယ့်ဂီတကိုကိုယ်သီဆိုရမယ်လို့ထင်တယ်နောက်ပြီးတော့တစ်ခုခုကိုမကြိုက်ဘူးဆိုပါတော့ အဲဒါကိုပြောရဲနိုင်တဲ့ သတ္တိတွေလည်းအများကြီးလို့ထင်ပါတယ်.. အဓိက ကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ကိုလိုအပ်ပါတယ်...
Eizzy- အကြိုက်ဆုံးအဆိုတော်ကဘယ်သူဖြစ်မလဲ ?
Rie - ဒီဂီတလောကထဲမှာလုပ်တာကြာနေပြီဖြစ်တဲ့ Akiko Yano ကို လေးစားအားကျပါတယ် ပြီးတော့ သူက ဘယ်တော့မှ Animation song ကိုမလုပ်ဘူး (Giggle-- ရယ်သံ) ဒါကြောင့် သူ့ကိုအကြိုက်ဆုံးပါ...
Eizzy- JMR မှာ Dj လုပ်ရင်ဘယ်သီချင်းတွေကို ဖွင့်မှာလဲ?
Rie - အခုလုပ်နေတဲ့ အဆိုတော်တွေထဲက ရော့ ဆွိနဲ့ရှိုးပွဲလုပ်ခဲ့တယ် သီချင်းစာသားတွေက ချိုမြိန်တယ် တကယ်တော့  ဂီတအမျိုးအစားကနည်းနည်း ဟောင်းနေပါပြီ..အင်းး.... ဒါပေမဲ့  ဟောင်းနေတာတော့ လည်းမပြောသာပါဘူး … သူက အရမ်းကဗျာဆန်တယ် အရမ်းလည်းကောင်းပါတယ် အဲတော့ အစ်မ ခေတ်ခေတ်ဟောင်းသီချင်းလေးတွေကို JMR ရေဒီယိုမှာ ဖွင့်ပြချင်ပါတယ်။
Eizzy- သီချင်းတွေကိုအများကြီးဆိုခဲ့တယ်နော် ထွက်ပြီးတဲ့သီချင်းထဲမှာ ဘယ်သီချင်းကို အကြိုက်ဆုံးလဲ?
Rie - သီချင်းတွေကိုနေ့တိုင်းလိုလိုပုံမှန်ရေးပါတယ် ဒီနောက်ဆုံးရေးခဲ့တဲ့သီချင်းကတော့အစ်မရဲ့အကြိုက်ဆုံးသီချင်းလေးပါ သီချင်းအခွေက Urban romatic လို့ခေါ်တဲ့ သီချင်းခွေထဲက present သီချင်းလေးပါ ... အခုလက်ရှိအနေနဲ့တည်ရှိနေတဲ့အရာ (လက်ရှိဘ၀)လေးကို လက်ဆောင်တစ်ခုအနေနဲ့ တန်ဖိုးထားတယ်ဆိုတဲ့အဓိပါယ်လေးပါ ...အဲသီချင်းလေးကိုအရမ်းကြိုက်ပါတယ်။
Eizzy- သီချင်းဆိုတာအပြင် တခြားဘာဝါသနာပါလဲ?
Rei- အိမ် သန့် ရှင်းရေးလုပ်တာရယ် အင်တာနက်ဈေးဝယ်ထွက်တာ နဲ့ ပန်းချီဆွဲတာ ပန်းချီပြခန်းတွေသွားရတာ ဓါတ်ပုံရိုက်တာရုပ်ရှင်ကြည့်ရတာ ၀ါသနာပါပါတယ်ရုပ်ရှင်ကြည့် ရတကိုလည်း ၀ါသနာပါတယ်
Eizzy- အိမ်ရှင်မအလုပ်ကိုကော ၀ါသနာပါသလား?
Rei- အဲလိုအလုပ်တွေကို ကြိုက်ပါတယ် အစ်မ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်လာမယ်လို့ယုံကြည်ပါတယ်
Eizzy- ဒါဆိုရင် အိမ်ရှင်မအနေနဲ့ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်နေရာဘယ်ဟာကိုရွေးမလဲ?
Rie - တခုတည်းကိုမကြိုက်ဘူး အိမ်ရှင်မအနေနဲ့ လည်းမကုန်ဆုံးချင်ဘူး..အဆိုတော်အနေနဲ့ လည်း မကုန်ဆုံးချင်ဘူး အစ်မဘ၀နဲ့မိသားစုဘ၀ကိုလည်းရချင်ပါတယ် ကလေးတွေလည်းရှိချင်ပါတယ် .....ဒါကြောင့်၂ ခုစလုံးကို ၀ါသနာပါပါတယ်..လုပ်ချင်ပါတယ်
Eizzy- အချစ်ကိုယုံကြည်သလား…..??
Rie - ယုံကြပါတယ် =D
Eizzy- London မှာကျောင်းတက်ရတာရောဘယ်လိုလဲ?
Rie- Central St’ Martinမှာကျောင်းတက်ခဲ့တာ .. London ကျောင်းတက်ရတာကိုအရမ်းကြိုက်ပါတယ် သီချင်းတွေအနုပညာတွေကိုအစ်မအများကြီးလေ့လာလို့ရတယ် ငွေများများမပေးရတဲ့ရှိုးပွဲလက်မှတ်တွေ ကိုလည်းဝယ်လို့ရပါတယ်
.... ပြီးတော့ လန်ဒန်ကိုအမြဲတမ်းအဆိုတော်နာမည်ကြီးတွေလာတယ် ... ဂျပန်နဲ့.ယှဉ်ရင်တော့တော့အရမ်းလည်းကောင်းတဲ့ပတ်ဝန်းကျင်လည်းတစ်ခုလို့ထင်ပါတယ်။
Eizzy- Rie fu ဘာတွေကိုသင်ကြားခဲ့တာလဲ?
Rie - အစကတော့ Graphic Design ကိုသင်တယ်နောက်တော့ Fine Art & ပန်းချီsubject ကို ပြောင်းလိုက်တယ်
Eizzy- အဲမှာစာသင်ရတော့ဘယ်လိုနေလဲ?
Rie- မျှော်လင့်သလိုပါပဲ အရာအားလုံးဟာ ကို့ အပေါ်မူတည်ပါတယ် အထူးသဖြင့်  Art education အပိုင်းမှာ motivated မဖြစ်ရင် ဘယ်သူမှ ကို့ ကို လာတွန်းအားပေးမှာမဟုတ်ဘူး ကို့ ကို ဘယ်သူမှတွန်းအားမပေးတဲ့  ပတ်ဝန်းကျင်ကနေ ကိုယ့် ဘာသာ ကြိုးစားဖို့ ကို အများကြီး သင်ခန်းစာရခဲ့ပါတယ်
Eizzy- တက်သစ်စ အာရှအဆိုတော်လေးအတွက် နိုင်ငံတကာMusic industry ထဲကိုထိုးဖောက်နိုင့် ဖို့ အတွက် ဘာ အကြံပေးချင်ပါသလဲ?
Rie - မန်နေဂျာကောင်းတစ်ယောက်လိုအပ်တယ် ကိုယုံကြည်ရတဲ့ လူတွေနဲ့ ပူးပေါင်းလုပ်ပါ တစ်ယောက်တည်းလုပ်လို့ မဖြစ်နိုင်ပါဘူး.. အတူတူပူးပေါင်းလုပ်ဆောင်ရမှာပေါ့ 
Eizzy- JMRလို တက်သစ်စ အွန်လိုင်းရေဒီယို တစ်ခု သီချင်: တွေကို ကမ္ဘာနေရာအနှံ့ကနေအားလုံးအတွက်ဖြန့် ဝေပေးနေတဲ့  ရေဒီယိုကို ဘယ်လိုမြင်လဲ?
Rie - စိတ်ကူးသစ်တွေကို ဖြစ်စေတယ်၊ အထူးသဖြင့်  အာရှကသီချင်းတွေက ကမ္ဘာအနှံရောက်ရှိဖို့
အများကြီးလိုသေးတယ်.. ဒါကြောင့်  အာရှသီချင်းတွေ ကမ္ဘာနေရာအနှံရောက်ဖို့ အတွက်
JMRက အများကြီးပံ့ပိုးပေးပြီး လူတိုင်းအတွက်စိတ်ကူးသစ်ဖြစ်စေတဲ့  မီဒီယာတစ်ခုဖြစ်တယ် နောက်ထပ်ပိုပြီးတော့လူသိပိုများသင့်တယ် လို့ထင်တယ်။အဲဒါကြောင့်ညီမတို့လုပ်နေတာကအရမ်းကိုကောင်းပါတယ်
Eizzy- အယ်ဘမ်အသစ်စီစဉ်နေပြီလား ၊ နောက်နှစ်အတွက်ပေါ့  ၊ ဧပရယ်မှာတုန်းကတစ်ခု
ထွက်ပီးပြီမလား?
Rie- အခုလုပ်နေပါတယ် ၊ ဒါပထမဆုံးအစ်မကိုယ်တိုင်စီစဉ်ပြီးထုတ်ဝေတဲ့  ပထမဆုံးခွေပါ
ဒီအယ်ဘမ်လ်လုပ်ဖို့ အတွက် တခြား ဂီတပညာရှင်တွေကို ကိုယ်ပိုင်စတူဒီယိုကို
ခေါ်တယ်..တကယ်တော့  စတူဒီယိုဆိုတာ အစ်မရဲ့ အိမ်ခန်းသေးသေးလေးကို ဆိုလိုတာပါ
နောက် အစ်မတို့သီချင်းတွေဆိုတယ်… တိုင်ပင်တယ်.. အတွေးအခေါ်ဖလှယ်ကြတယ်
ဒီလိုလုပ်ရတာ အရမ်းကို နွေးထွေးတယ်လို့ ခံစားရပါတယ်
Eizzy- စောင့်မျှော်နေမယ်နော်2009 ကုန်ပီး 2010 ထဲကိုရောက်တော့ မယ်ပေါ့ ၂၀၁၀အတွက် ဘာအစီအစဉ်တွေလုပ်ထားလဲ…?
Rie- စောစောကပြောတဲ့ အတိုင်း New York ကိုစောနိုင်သမျှ စောစောသွားမယ် NY သွားပြီး Performance experience အသစ်တွေသွားယူမယ် ဒါကတော့  ၂၀၁၀ အတွက်သူ့ စိတ်ထက်သန်နေတဲ့ အစီအစဉ်လေးပါ
Eizzy - Christmas နီးလာပီ ဘာလက်ဆောင်လိုချင်လဲ?
Rie- နယူးယောက်မှာ ဈေးကြီးတဲ့ ကုတ်အကျီ ရပြီးပြီ နောက်ဆုံးအကြိမ် NY ကိုသွားတုန်းကပေါ့ ။ Nov တုန်းက
ဘာမှထပ်မတောင်းတော့ ပါဘူး
Eizzy- ဒီအစီအစဉ်လေးမပြီးခင်မှာ Rie fu ရဲ့ fan တွေနဲ့  JMR listener တွေကို ဘာပြောချင်သေးလဲ?
Rie- ကျေးဇူးအများကြီးတင်ပါတယ်.. နေရာအနှံမှာရောက်နေတဲ့  သူ့ ပရိတ်သတ်တွေအားလုံးကိုလည်း တစ်ယောက်ချင်းစီတွေ့ချင်ပါတယ်အခွင့်အရေးရလို့  Live Performance လုပ်နိုင်တဲ့ အချိန်ကျရင်ပေါ့ 
Eizzy- Rie Fu ကို JMR ကအမြဲအားပေးနေမှာပါ၊ JMR က Rei Fu အနားမှာ အမြဲရှိနေမှာပါဒီနှစ်နဲ့ နောက်နှစ်တွေမှာလည်း ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ် ...
Rie -Thank you =)