Thi Ha Lu Lin

 
 
 
 
ကျွန်တော်က ဘဝကို သာမန်ရိုးရိုးလေးနဲ့ ပေါ့ပေါ့လေး ဖြတ်သန်းချင်သူပါ။
အသိမိတ်ဆွေ ပေါတယ်။ ဒါပေမယ့် တကယ်ပေါင်းတဲ့ သူငယ်ချင်းတော့ နည်းပါတယ်။
သီးသီးသန့်သန့် နေတတ်တဲ့ ဗီဇကြောင့်ဖြစ်မယ်။ လူတိုင်းကို ကိုယ်ချင်းစာပြီး
မျှမျှတတ တွေးပေးတတ်တယ်လို့ ထင်တယ်။လုပ်တဲ့အလုပ်တိုင်းကို ပေါ့ပေါ့တန်တန် သဘောမထားတတ်ဘူး။
ကိုယ်စွမ်းသလောက် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်တတ်တယ်။
စေတနာစိတ် နဲ့ ချစ်ခြင်းမေတ္တာကိုလည်းလူတိုင်းနဲ့ အရာတိုင်းအပေါ် ထားနိုင်အောင် အမြဲကြိုးစားနေတယ်။
 
တေးဂီတ ကို ခုံမင်တယ်။ ဂီတအမျိုးအစား မရွေးလက်ခံနားထောင်တယ်။
စာပေ ဝါသနာထုံပြီး၊ စာရေးတာ ကြိုက်တယ်။ လက်ရှိလည်း ဆောင်းပါးတွေ မဂ္ဂဇင်းတချို့မှာ ရေးဖြစ်နေပါတယ်။
City FM နဲ့ ရွှေ FM တွေ အတွက် အစီအစဉ်တင်ဆက်သူအဖြစ်
ရေဒီယိုအစီအစဉ်တွေ တင်ဆက်ပေးခဲ့ပြီး JMR ကိုလည်း အရမ်းချစ်တဲ့သူပေါ့ဗျာ။
"အလွမ်းစကား" အစီအစဉ်ကို ပုံမှန်တင်ဆက်နေပေမယ့် အလွမ်းသမားကြီးတော့ မဟုတ်ပါဘူး။
တကယ်တော့ သီဟလုလင် ဆိုတာ အားလုံးကို ချစ်ခင်လေးစားစွာနဲ့ ညီမျှခြင်းတွေကို အလေးထားတဲ့ သူပါ။
JMR radio into your website or blog

Myammar Time

Singapore Time