Entertainment

ချစ်သူများနေ့ (Valentine's Day) မှာ ပရိသတ် နဲ့ တွေ့ဆုံခဲ့တဲ့ သက်မွန်

ပြည်သူချစ် အနုပညာရှင် တစ်ဦးဖြစ်တဲ့ အကယ်ဒမီသက်မွန်မြင့်ဟာ ဖေဖေါ်ဝါရီလ 14 ရက်နေ့ ချစ်သူများနေ့မှာ သူမ ချစ်တဲ့ ပရိသတ်များနဲ့ တွေ့ဆုံခဲ့ပါတယ် .. အကယ်ဒမီဆုများ ဆွတ်ခူးခဲ့တဲ့ အာဒံရယ် ဧဝရယ် ဒသရယ် ဇာတ်ကား အထူးပြသပွဲကို ရန်ကုန်မြို့ နေပြည်တော် ရုပ်ရှင်ရုံသို့ တက်ရောက်ခဲ့ပြီး ပရိသတ်နဲ့ တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ် .. ခုဆိုရင် ပြည်သူတော်တော်များများ နှစ်ခြိုက်ခဲ့တဲ့ ဒီဇာတ်ကားလမ်းကို နောက်တစ်ခေါက်ပြန်ကြည့်ုနိုင်ခဲ့ပြီး မိမိနှစ်သက်တဲ့ အနုပညာရှင်ကိုလည်း အပြင်မှာ တွေ့ဆုံနိုင်ခဲ့တဲ့ အဲ့ဒီ့ချစ်သူများနေ့လေးကို အားလုံးပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြရမယ်လို့ ယုံကြည်မိပါတယ် .. ကဲ ခုလည်း ရုံတင်ဆဲကာလဖြစ်တာမို့ မကြည့်ရသေးသူများရော နှစ်ခါပြန်ကြည့်ချင်သူများရော သွားရောက် ကြည့်ရှုနိုင်ဖို့အတွက် သတင်းကောင်းပါးလိုက်ပါတယ်နော် ...း)
 
By Dj Kool
Photos By Myanmar Celebrity

2010 Academy Awards

2010 Myanmar Academy Awards ၂၀၁၀ အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲကို ၇-၂-၂၀၁၂ ရက်နေ့မှာ ကျင်းပခဲ့ပြီး ထူးချွန်ဆု (၁၀)ဆု ပေးအပ်ခဲ့ပါတယ်။ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု - ခင်မောင်ဦး၊ စိုးသိမ်းထွဋ် (ပင်လယ်ထက်က နေ၀န်းနီ) အကောင်းဆုံးရုပ်ရှင်တေးဂီတဆု - မြန်မာပြည်ကျောက်စိမ်း (အငိုမျက်လုံးအပြုံးမျက်နှာ) အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု - ဦးမြင့်ခိုင် (ပင်လယ်ထက်ကနေ၀န်းနီ) အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု - ၀ါဝါအောင် (အမေ့ကျေးဇူးဆပ်ဖူးချင်တယ်) အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု - ဝေဠုကျော် (ပင်လယ်ထက်ကနေ၀န်းနီ) အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု - သက်မွန်မြင့် (အာဒမ်ရယ် ဧ၀ရယ် ဒဿရယ်) အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု - ပန်းချီစိုးမိုး(ပင်လယ်ထက်ကနေ၀န်းနီ) အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု - ပြေတီဦး (အာဒမ်ရယ် ဧ၀ရယ် ဒဿရယ်) အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆု - ခင်မောင်ဦး၊ စိုးသိမ်းထွဋ် (ပင်လယ်ထက်က နေ၀န်းနီ) အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု - ခင်စန္ဒာမြင့် (အာဒမ်ရယ် ဧ၀ရယ် ဒဿရယ်) လင်းဦး(စိတ်ပညာ)

နောနော်ရဲ့ ၄ ခွေမြောက် တစ်ကိုယ်တော် အခွေအကြောင်း

နယူးရီးယားတုန်းက ရှုခင်းသာ ဟိုတယ် မှာ ရှိုးပွဲ ပြုလုပ်ခဲ့တဲ့ နောနော်က ဇန်နဝါရီ ၂ဝရက် နေ့မှာတော့ ကိုရီးယားကို ဖျော်ဖြေရေး ခရီး ထွက်ခွာသွားခဲ့ပါတယ်။ ပွဲက ကိုစိုးနိုင်ထွန်း (အီကြာကွေး) စီစဉ်တဲ့ပွဲ ဖြစ်ပြီး အင်ပါယာ တေးဂီတအဖွဲ့နဲ့အတူ ဇော်ဝင်းထွဋ်၊ နောနော်၊ မယ်လိုဒီ ၊ချမ်းချမ်း တို့အပြင် တခြား အဆိုတော်များ လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ကိုရီးယားမှာ ၅ရက် ကြာမှာ ဖြစ်ပြီး ဖျော်ဖြေပွဲ ကတော့ တစ်ပွဲ ဖျော်ဖြေမယ်လို့ သိရပါတယ်။ ပြည်ပပွဲတွေ လက်ခံဖြစ်တဲ့အခါ ဘယ်လို အချက်တွေ နဲ့ လက်ခံဖြစ်မလဲ ဆိုတော့…

ဂီတပညာရှင်များစွာ ပါဝင်ထားပြီး ပြည်သူများအကြား အမျိုးသားရေးအားမာန်များ တက်ကြွစေသည့် သီချင်းများပါဝင်မည့် တေးအယ်လ်ဘမ်ကို ဖေဖော်ဝါရီလတွင် ထွက်ရှိရန်စီစဉ်

ဂီတပညာရှင်များစွာ ပါဝင်ထားပြီး ပြည်သူလုထုအတွက် အမျိုးသားရေးစိတ်ဓါတ်များနှင့် အားမာန်များတက်ကြွစေမည့် တေးသီချင်းများပါဝင်မည့် တေးအယ်လ်ဘမ်ကို ဖေဖော်ဝါရီလတွင် ထွက်ရှိရန် စီစဉ်နေကြောင်း သိရှိရပါသည်။

Sai Sai is Taking A Short Break

သူ့ရဲ့ ဂီတအပြင် သရုပ်ဆောင်ဘက်မှာပါ ပရိသတ်လက်ခံမှု အားများလာတဲ့ စိုင်းစိုင်းခမ်းလှိုင်က
ခုချိန်မှာ အနုပညာနဲ့ ပတ်သက်တဲ့ သီချင်းရေးခြင်း၊ သီချင်းဆိုခြင်းနဲ့ ဇာတ်ကားများ ရိုက်ကူးမှုကို လုံးဝနားထားတယ်လို့ သိရပါတယ်။ သူ့ရဲ့ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးမှုကို ဇန်နဝါရီလ (၂၃) ရက်နေ့မှာ စမှာဖြစ်ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်မယ်လို့ သိရပါတယ်။ သူပါဝင် သရုပ်ဆောင်ထားတဲ့ “ချစ်သူလက်ဖဝါးနဲ့ နမ်းတဲ့ပါး” ဗီဒီယိုက ဇန်နဝါရီ (၃၀) မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။ တစ်ကိုယ်တော်အခွေ ထွက်ဖို့က လိုပါသေးတယ်။ အကယ်ဒမီပွဲတော့ တက်ဖြစ်မှာပါ။ ကျွန်တော်တို့ ဇာတ်ကားထဲက ဘယ်သူပဲရရ ကျေနပ်ပါတယ်။ ကျွန်တော်ကတော့ အများကြီးလိုပါသေးတယ်။
By 8 Days Journal
JMR radio into your website or blog

Myammar Time

Singapore Time