General

Flash Memory အပြည့်ရမရ စစ်ကြမယ်

Mobile Data Storage အတွက် ဒီနေ့ခေတ်မှာ Flash Memory Drive တွေဟာ.. အင်မတန် အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါတယ်။ ဒီကျယ်ပြန့်တဲ့ Mobile storage cosumer electronics တွေနဲ့flash memory ဈေးကွက်တွေမှာ.. Applications အရ.. ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်ဖို့အတွက် တချို့သော ရောင်းချသူတွေဟာ အမြတ်များများ ကျန်စေဖို့ memory capacities အတုတွေ ထည့်ပေးတတ်ကြ ပါတယ်။

ဥပမာ - ၂ GB ပဲရှိတဲ့ flash drive ကို 4 GB လို့ထင်ရအောင် upgrade လုပ်ပြီး ဈေးနှုန်းကိုတော့ ချိုသာအောင် ရောင်းတာမျိုးဖြစ်ပါတယ်။

Brock Lesnar ၏ ယုတ်မာသည့်တိုက်ခိုက်မှုကို ခံလိုက်ရသော Triple H’s

ကမ္ဘာ့အကြမ်းရမ်းဆုံး နပန်းသတ်ပွဲကြီးကို အင်္ဂလန်နိုင်ငံမှာ ကျင်းပလျက်ရှိရာ RAW ပွဲစဉ်အဖြစ် Brock Lesnar နှင့် Triple H’s တို့ စင်ပေါ်မှာ စကားနိုင်လုခဲ့ကြပါတယ်။ General Manager John Laurinaitis မှ နှစ်ဖက်ဖိတ်ခေါ် ကြားခံလူအဖြစ် ပြုလုပ်ခဲ့ပြီး စကားနိုင်လုခြင်းကို စတင်ခဲ့ပါတယ်။

Brock Lesnar နှင့် Triple H’s တို့ တစ်ယောက်နှင့်တစ်ယောက် မခံနိုင်အောင် စကားနိုင်လုကြပါတယ်။ Brock Lesnar စိတ်ဆိုးဒေါသထွက်မှုပိုမိုပြင်းထန်လာရာ Triple H’s မှ GM John Laurinaitis ကို လှည့်ပြီး စကားပြောစဉ် Brock Lesnar မှ နောက်မှနေ၍ အလစ်ဝင်ရောက် တိုက်ခိုက်ပါတယ်။

April 9 ရက်မတိုင်မီ Internet Bandwidth 10GB အထိတိုးမြှင့်မည်

ရန်ကုန် မတ် ၂၂ - လာမည့် April 9 ရက်မတိုင်မီ Internet Bandwidth 10GB အထိတိုးမြင့်မည်ဖြစ်ကြောင်း မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ချက်အရသိရသည်။
လက်ရှိအနေဖြင့် Internet Bandwidth စုစုပေါင်း 3.72GB ချိတ်ဆက်ထားရှိပြီးဖြစ်ကြောင်း သိရှိရသည်။ Sea-Me-We 3 မှ 3.2 GB အား မတ်လ ၁၈ရက်နေ့အပြီး ချိတ်ဆက်နိုင်ရန်ဆောင်ရွက်လျှက်ရှိကြောင်း ၊ ရန်ကုန်-မြ၀တီ (ထိုင်းနယ်စပ်ဖြတ်ကျော်ဆက်ကြောင်း) မှ 2.5GB အားလည်းကောင်း စုစုပေါင်း 10GB အထိ WCDMA Mobile Telephone များစတင်ရောင်းချမည့် April 9 ရက်နေ့မတိုင်မီချိတ်ဆက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

MIDO အကြောင်း တစေ့တစောင်း

မြို့ ရွာနှင့် ကျေးလက်ဒေသပါမကျန် ICT ကဏ္ဍဖွံ့ဖြိုးရေး၊ နည်းပညာများ သက်ငယ်မရွေး သင်ကြားတတ်မြောက်ရေးအတွက် အိုင်စီတီနည်းပညာ ဖြန့်ဝေတဲ့ Myanmar ICT Development Organization (MIDO) ကို မြန်မာလူငယ်များ ဖွဲ့စည်းခဲ့ကြတယ်။

ဒီအဖွဲ့အစည်းလေးဟာ ပထမ အကြိမ် MIDO အဖွဲ့ရဲ့ သင်တန်းကို ရန်ကုန် နာရေးကူညီမှုအသင်းမှာ သင်ကြား ပေးခဲ့ပါတယ်။ နည်းပညာအပေါ် စိတ်ဝင်စားမှု၊ လူတွေနားလည်အောင် ဆွေးနွေးခြင်း၊ ဖလှယ်ခြင်းများဖြင့် အသိဥာဏ်တံခါးများကို ဖွင့်ပေးကြပါတယ်။

မြန်မာနိုင်ငံမှ အင်တာနက် အသုံးပြုသူများအနေဖြင့် မိမိတို့၏ Online လုံခြုံရေးကို ဂရုပြုသင့်

မြန်မာနိုင်ငံမှ အင်တာနက် အသုံးပြုသူများအနေဖြင့် မိမိတို့၏ Online လုံခြုံရေးကို ဂရုပြုသင့်ကြောင်း ဖေဖော်ဝါရီ ၁၁ရက်နေ့နှင့် ၁၂ရက်နေ့များက မြန်မာအင်ဖိုတက်ခ်(MIP) အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့သည့် Barcamp Yangon (2012)တွင် နိုင်ငံခြားသား ပညာရှင်တစ်ဦး၏ ဆွေးနွေးပြောကြားချက်မှ သိရသည်။ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူ အများစုသည် Cyber Cafe များတွင် အသုံးပြုသူများဖြစ်၍ ထိုသို့အသုံးပြုမည်ဆိုပါက မိမိတို့၏ ကိုယ်ပိုင် Memory Stick များတွင် Internet Browser များကို ထည့်သွင်းထား၍ ထို Browser များကို အသုံးပြုသင့်ကြောင်း ဆွေးနွေးခဲ့သည်။

JMR radio into your website or blog

Myammar Time

Singapore Time